4 w - Translate

မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ
နှစ်ပေါင်းများစွာ အကြပ်အတည်းကြုံနေပြီး ဖြေရှင်းရန် အခက်တွေ့နေရသည့် မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စစ်ဘက် ၊ အရပ်ဘက် တာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးသမားများပါ တက်ရောက်ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂၀၂၅) ကို ယနေ့ မတ်လ (၂၅) ရက် နံနက်ပိုင်းတွင် ဒုတိယနေ့အ‌ဖြစ် ဆွေးနွေးလျက်ရှိသည်။
အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော် ၊ MICC (2) ရှိ အမျိုးသားစည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန(NSPC) တွင် မတ်လ (၂၄) ရက်က စတင်ကာ မတ်လ (၂၆) ရက်အထိ (၃) ရက်တာ ကျင်းပနေခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် တိုင်းပြည်၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးကြမည့်အပြင် ၂၀၂၅ ရွေးကောက်ပွဲအလွန်ငြိမ်းချမ်းရေးအလားအလာ ၊ ၂၀၂၁ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှု ၊ လုံခြုံရေးကဏ္ဍ ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးကဏ္ဍ၏ ကူးလူးဆက်နွယ်နေမှုများအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် သက်ဆိုင်နေသည့် ကဏ္ဍစုံအကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်သည်။
ဆွေးနွေးပွဲကို အစုအဖွဲ့(၂)ခုခွဲ၍ ကျင်းပနေခြင်းဖြစ်ပြီး နယ်ပယ်အသီးသီးမှ တက်ရောက်ဆွေးနွေးသူ (၁၂၀) ကျော်ရှိကြောင်းလည်း သိရသည်။
ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ (၂၀၂၅)ကို အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနက (NSPNC) က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ(NSPNC) မှတာဝန်ရှိသူများ ၊ တပ်မတော်က အငြိမ်းစားအရာရှိများ၊ JMC ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၊ နိုင်ငံရေးပါတီများ ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ တက်ရောက်လျက်ရှိသည်။

image