Angry Miao ကနေ Keyboard တွေတင်မဟုတ်ပဲ Gaming Mouse ဘက်ကိုပါ လှည့်လာပြီ။ ပထမဆုံး Kickstarter ကနေ AM Infinity Mouse ဆိုတဲ့ နာမည်နဲ့ ထုတ်ပြလိုက်တဲ့ Gaming Mouse က စျေးအရလည်း $125 လောက်ပဲရှိမယ်၊ ဒီဇိုင်းကလည်း AM ထုံးစံအတိုင်း အဆန်းဖြစ်နေပြီး Performance ပိုင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။
ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်း Gaming Mouse တွေက Valorant လို FPS ဂိမ်းတွေအတွက် ဦးစားပေးပြီး ပို Lightweight ဖြစ်၊ ပိုပြီး Latency - Response Time မြန်တာတွေထုတ်လာတယ်။ ဟိုးအရင် Logitech | Razer | SteelSeries တွေထက် ဒီအပိုင်းတွေကို ပိုဦးစားပေးလာတဲ့ Brand တွေလည်း တကယ်သေချာထွက်လာကြတယ်။
အဲ့ထဲမှာ ကိုယ်တိုင် စိတ်ဝင်စားပြီး လိုက်ကြည့်ဖြစ်နေတာက Finalmouse | Ninjutso Sora | WL BeastX | Lamzu စတဲ့ အများကြီးဖြစ်လာတယ်၊ ဒီလိုမျိုး Mouse ကို 50g အောက်ထုတ်လာကြတော့ လက်ထဲမှာ အရမ်းပေါ့နေတယ်၊ အဲ့ဒါကိုမှ Mouse ကိုယ်ထည်ကို Plastic မဟုတ်ပဲ ပိုပေါ့အောင် Magnesium Chassis နဲ့လုပ်တာတွေ၊ အပိတ်မဟုတ်ပဲ အပေါက်ပါအောင် ထုတ်လာတာတွေဖြစ်လာတယ်။
အခု AM Infinity Mouse ကလည်း အလေးချိန်က 49g ပဲရှိမယ်Magnesium-Aluminum Alloy Exoskeleton Chassis သုံးထားပြီး လုပ်ထားတဲ့ အပေါက်တွေ ဒီဇိုင်းက Lotus ပြိုင်ကားကုမ္ပဏီရဲ့ Evanora Concept နဲ့ Type 79 F1 ကားတွေကို Inspired ယူထားတယ်ဆိုပဲ။ ကျန်တဲ့ Specs တွေအနေနဲ့ Switch တွေကို TTC 100 Million Click Optical Micro-Switch V2 | PAW3950 Sensor ကိုမှ Dual 8K Polling Rate ရမယ်။ Connectivity ပိုင်းမှာလည်း 2.4G Wireless | Bluetooth | Wired အကုန်ရမယ်။
ဒီမှာထူးခြားသွားတာက Infinity Battery Life ဆိုတာပဲ - တခြား Mouse တွေနဲ့ မတူတာက ဒီ AM Infinity Mouse ရဲ့ Battery က Hot-swappable Magnetic Battery ကို သုံးထားတယ်။ အဓိပ္ပါယ်က Mouse အားကုန်ရင် ပြန်အားသွင်းစရာမလိုပဲ Battery လဲပြီး သုံးလိုက်ရုံပဲ။ ဒါက SteelSeries Artics Pro လို Gaming Headset တွေမှာ သုံးနေတဲ့ Concept ပဲ - ဂိမ်းဆော့နေတုန်း အားကုန်သွားရင် Battery လဲပြီး ချက်ချင်း တန်းသုံးလို့ရမယ်။
Battery Life အနေနဲ့လည်း 8K Polling Rate နဲ့သုံးရင် ၁၇ နာရီ၊ ပုံမှန် 1K Polling Rate နဲ့ဆိုရင် ၄၃ နာရီအထိ ရမယ်ဆိုတော့ နည်းတာမျိုးတော့မဟုတ်ဘူး။ 8K Polling Rate Receiver က တစ်ဖက်မှာ အခုနက ပြောတဲ့ Battery ကိုပါ ဖြုတ်ပြီး အားသွင်းနိုင်တဲ့ Charging Station အဖြစ်ပါ သုံးလို့ရဦးမယ်။ Dual 8K Polling Rate ဖြစ်တော့ Battery မပါပဲ ကြိုးနဲ့သုံးလည်း 8K Polling Rate ရမယ့်အပြင် အလေးချိန်ပါ 10g ပိုပေါ့ပြီး 39g ပဲရှိမယ်။
ဘာပဲဖြစ်ဖြစ် Angry Miao Infinity Mouse အကြောင်း The Verge မှာ တက်လာတော့မှ တွေ့မိပြီး သဘောကျတာနဲ့ ပြန်ရေးဖြစ်တာပါ။ စိတ်ဝင်စားတဲ့သူရှိမရှိထက် ကိုယ်ကြိုက်လို့ ရေးဖြစ်တာလို့ ဆိုရမှာပေါ့
