5 ပတ် - ဘာသာပြန်ပါ။

Angry Miao ကနေ Keyboard တွေတင်မဟုတ်ပဲ Gaming Mouse ဘက်ကိုပါ လှည့်လာပြီ။​ ပထမဆုံး Kickstarter ကနေ AM Infinity Mouse ဆိုတဲ့ နာမည်နဲ့ ထုတ်ပြလိုက်တဲ့ Gaming Mouse က စျေးအရလည်း $125 လောက်ပဲရှိမယ်၊ ဒီဇိုင်းကလည်း AM ထုံးစံအတိုင်း အဆန်းဖြစ်နေပြီး Performance ပိုင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။

ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်း Gaming Mouse တွေက Valorant လို FPS ဂိမ်းတွေအတွက် ဦးစားပေးပြီး ပို Lightweight ဖြစ်၊ ပိုပြီး Latency - Response Time မြန်တာတွေထုတ်လာတယ်။ ဟိုးအရင် Logitech | Razer | SteelSeries တွေထက် ဒီအပိုင်းတွေကို ပိုဦးစားပေးလာတဲ့ Brand တွေလည်း တကယ်သေချာထွက်လာကြတယ်။

အဲ့ထဲမှာ ကိုယ်တိုင် စိတ်ဝင်စားပြီး လိုက်ကြည့်ဖြစ်နေတာက Finalmouse | Ninjutso Sora | WL BeastX | Lamzu စတဲ့ အများကြီးဖြစ်လာတယ်၊ ဒီလိုမျိုး Mouse ကို 50g အောက်ထုတ်လာကြတော့ လက်ထဲမှာ အရမ်းပေါ့နေတယ်၊ အဲ့ဒါကိုမှ Mouse ကိုယ်ထည်ကို Plastic မဟုတ်ပဲ​ ပိုပေါ့အောင် Magnesium Chassis နဲ့လုပ်တာတွေ၊​ အပိတ်မဟုတ်ပဲ​ အပေါက်ပါအောင် ထုတ်လာတာတွေဖြစ်လာတယ်။

အခု AM Infinity Mouse ကလည်း အလေးချိန်က 49g ပဲရှိမယ်Magnesium-Aluminum Alloy Exoskeleton Chassis သုံးထားပြီး လုပ်ထားတဲ့ အပေါက်တွေ ဒီဇိုင်းက Lotus ပြိုင်ကားကုမ္ပဏီရဲ့ Evanora Concept နဲ့ Type 79 F1 ကားတွေကို Inspired ယူထားတယ်ဆိုပဲ။​ ကျန်တဲ့ Specs တွေအနေနဲ့ Switch တွေကို TTC 100 Million Click Optical Micro-Switch V2 | PAW3950 Sensor ကိုမှ Dual 8K Polling Rate ရမယ်။​ Connectivity ပိုင်းမှာလည်း 2.4G Wireless | Bluetooth | Wired အကုန်ရမယ်။

ဒီမှာထူးခြားသွားတာက Infinity Battery Life ဆိုတာပဲ - တခြား Mouse တွေနဲ့ မတူတာက ဒီ​ AM Infinity Mouse ရဲ့ Battery က Hot-swappable Magnetic Battery ကို သုံးထားတယ်။​ အဓိပ္ပါယ်က Mouse အားကုန်ရင် ပြန်အားသွင်းစရာမလိုပဲ​ Battery လဲပြီး သုံးလိုက်ရုံပဲ။ ဒါက SteelSeries Artics Pro လို Gaming Headset တွေမှာ သုံးနေတဲ့ Concept ပဲ - ဂိမ်းဆော့နေတုန်း အားကုန်သွားရင် Battery လဲပြီး ချက်ချင်း တန်းသုံးလို့ရမယ်။

Battery Life အနေနဲ့လည်း 8K Polling Rate နဲ့သုံးရင် ၁၇ နာရီ၊​ ပုံမှန် 1K Polling Rate နဲ့ဆိုရင် ၄၃ နာရီအထိ ရမယ်ဆိုတော့ နည်းတာမျိုးတော့မဟုတ်ဘူး။ 8K Polling Rate Receiver က တစ်ဖက်မှာ အခုနက ပြောတဲ့ Battery ကိုပါ ဖြုတ်ပြီး အားသွင်းနိုင်တဲ့ Charging Station အဖြစ်ပါ သုံးလို့ရဦးမယ်။ Dual 8K Polling Rate ဖြစ်တော့ Battery မပါပဲ​ ကြိုးနဲ့သုံးလည်း 8K Polling Rate ရမယ့်အပြင် အလေးချိန်ပါ 10g ပိုပေါ့ပြီး 39g ပဲရှိမယ်။

ဘာပဲဖြစ်ဖြစ် Angry Miao Infinity Mouse အကြောင်း The Verge မှာ တက်လာတော့မှ တွေ့မိပြီး သဘောကျတာနဲ့ ပြန်ရေးဖြစ်တာပါ။​ စိတ်ဝင်စားတဲ့သူရှိမရှိထက် ကိုယ်ကြိုက်လို့ ရေးဖြစ်တာလို့ ဆိုရမှာပေါ့

image