ပျှော်အောင်နေကြည့်လိုက်တဲ့အခါ
မြင်သမျှ အရာအားလုံးက
လှပလာမယ်။
အကောင်းမြင်ကြည့်လိုက်တဲ့အခါ
ကြားသမျှစကားလုံးတိုင်းက
ချိုမြိန်လာမယ်။
မျှတွေး ကြည့်လိုက်တဲ့အခါ
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
စိတ်ကလေးနဲ့ ကိုယ်ချင်း
စာတတ်လာမယ်။
မျှဝေ ခံစားကြည့်လိုက်တဲ့အခါ
လူတယောက်ရဲ့စိတ်ကို
နက်နက်ရှိုင်းရှိုင်း မြင်တတ်လာမယ်။
မေတ္တာတွေ ထားလိုက်တဲ့အခါ
အရင်လို သောကမဖြစ်ပဲ
စိတ်အေးချမ်းမှူကိုပိုင်ဆိုင်လာမယ်။
ကြင်နာခြင်းတွေ ဝေမျှတဲ့အခါ
နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ
တန်ပြန်ရလာမယ်။
စေတနာတွေ ထားလိုက်တဲ့အခါ
သူတပါးဆီကရခဲ့တဲ့
စေတနာရဲ့
တန်ဖိုးကိုနားလည်လာမယ်။
ယုံကြည့်မှုတွေ ထားလိုက်တဲ့အခါ
တပါးသူရဲ့ ကိုယ်အပေါ် ထားခဲ့တဲ့
ယုံ့ကြည်မှုရဲ့
တန်ဖိုးကို သိမြင်လာမယ်။
ဥပေက္ခာပြုထားလိုက်တဲ့ အခါ
အမုန်းတွေ ရော့လာမယ်။
ဘယ်သူပြုပြု မိမိအမှုပဲဆိုတာ
သိလာတဲ့အခါ
ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ်
ကိုယ့်မုန်းစိတ်ကလေး
ယိမ်းယိုင် သွားခဲ့တယ်ဆိုရင်တောင်မှ
သတိနဲ့ ပြန်ထိန်းတတ်လာမယ်။
🍏 လောကမှာ
လူတိုင်းက
သူတပါးဆီကသာ လိုချင်တာ
ကိုယ်ဘက်ကပြန်ပေးဖို့ ၀န်လေးနေတက်ကြပါတယ်။
🍏 ဒါ့ကြောင့်လည်း
လောဘရဲ့အရှိန်ကြောင့် ရသင့်တာတွေနဲ့
ဝေးနေခဲ့ကြတာပါ။
🍏 ကိုယ်ပေးသလောက်ပြန်မရတာ
လောကကြီးထဲမှာ "ငွေ"
တခုပဲရှိတယ်။
စေတနာ
မတ်ေတာ
အကြင်နာ
မုဒိတာ
စတဲ့ အရာအားလုံးက
ပေးရင် ပေးနိုင်သလောက်
တန်ပြန် အကျိုးပေးပါတယ်............။
#ခွန်အားရှိသောစာတ်ိုများ
#စာပေ
