6 ပတ် - ဘာသာပြန်ပါ။

ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရန် ဘီလာရုစ်ကို ဖိတ်ခေါ်ထားဟု နစကပြောခွင့်ရဆို
- စက်ရုံတည်ဆောက်ရန် တရုတ်နှင့်လည်း ပူးပေါင်းဆောင်ရွက်နေ
ရန်ကုန်၊ မတ် ၁၀
မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာစက်ရုံတည်ဆောက်ဖို့ ဖိတ်ခေါ်ခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားရင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ဓာတ်မြေသြဇာနဲ့ ပတ်သက်ပြီး လိုအပ်ချက်ဆိုရင် မြန်မာနိုင်ငံမှာ စက်ရုံတည်ဖို့ ဖိတ်ခေါ်ခဲ့တာ ရှိပါတယ်”လို့ ဆိုပါတယ်။
တောင်သူလယ်သမားတွေရဲ့ ဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ဘီလာရုစ်နဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ရှိတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
“လိုအပ်နေတာ ခေတ်မီတဲ့ စိုက်ပျိုးမွေးမြူရေးစနစ်ဖြစ်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့တာရှိပါတယ်”လို့ နစကပြောခွင့်ရက ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ဖို့ တရုတ်နိုင်ငံနဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရပ်ဆိုင်းနေတာ ကြာပြီဖြစ်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းဖြေကြားထားပါတယ်။
“ရုရှားနိုင်ငံနဲ့ အဓိကထား ဆောင်ရွက်သော်လည်း ဘယ်နိုင်ငံမဆိုလည်း ဒီနေရာမှာ ပါဝင်လို့ရပါတယ်။ လုပ်ဆောင်နိုင်ဖို့ ဖိတ်ခေါ်ပါတယ်”လို့ ၎င်းက ပြောပါတယ်။

image