6 w - Translate

နေ့ရက်တိုင်းဟာ တန်ဖိုးရှိပါတယ် ။ ဘဝရဲ့ အဓိပ္ပာယ်ဟာ ဘာများလဲ ။ ဘာအတွက် ဒီလောက် ကြိုးစားရှင်သန်နေကြပါလိမ့်ဆိုတဲ့ အတွေးမျိုး ရုတ်တရက် တွေးမိတဲ့အချိန်တွေ ရှိတယ် ။ ဒါပေမဲ့ ရှင်သန်ခြင်းမှာ အဓိပ္ပာယ်ရှိမှ ဖြစ်မှာတဲ့လား ။

မနက်ရောက်လို့ မျက်လုံးဖွင့်မိတိုင်း နောက်ထပ် တစ်ရက်ပိုင်ဆိုင်ခွင့်ရပါလား ဆိုတာနဲ့တင် ကျေးဇူးတင်ရမယ့် ကိစ္စလို့ ထင်ပါတယ် ။ ကျွန်တော်ကတော့ တစ်ယောက်ယောက်အတွက် အဓိပ္ပာယ်ရှိတဲ့သူ ဖြစ်ရတာကို ဝမ်းသာမိတယ် ။

ကျွန်တော်ဆိုတဲ့ ဖြစ်တည်မှုလေးနဲ့တင် ကျေးဇူးတင်စရာကောင်းပြီး မိဘတွေကြောင့် ရှင်သန်နေရ အတူ ပြုံးရယ်ရနဲ့ တစ်နေ့တာကို ကုန်ဆုံးရတာ ကျေနပ်ပါတယ် ။

တစ်စုံတစ်ယောက်နဲ့အတူ ရှိနေနိုင်တယ်ဆိုတဲ့ အရာလေးနဲ့တင် အားအင်တွေ ပြည့်လာတာပဲ ။ ဒီအတိုင်းလေးပဲ ရှင်သန်သွားလို့ရော မဖြစ်ဘူးလား ။ ရှင်သန်ဖို့အတွက်
ကြီးမားတဲ့အကြောင်းရင်း တကယ်ရှိမှ ရမှာလား ။

ကြီးကျယ်တဲ့သူ တစ်ယောက်အဖြစ် ရှင်သန်ရတာလည်း ကျေနပ်စရာကောင်းတယ်ဆိုပေမယ့် ကိုယ့်ဘဝကို စိတ်ကျေနပ် ပျော်ရွှင်စွာနဲ့ ရှင်သန်သွားရတာလည်း
တစ်ကိုယ်စာအတွက် လုံလောက်တဲ့ ကြီးကျယ်မှုပဲ မဟုတ်လား ။

တင်းတိမ်ရောင့်ရဲမှု မရှိရင် ပျော်ရွှင်မှုဆိုတာလည်း မရှိဘူးတဲ့ ။ ကျွန်တော်ကတော့ ကျွန်တော်ဆိုတဲ့ အကြောင်းပြချက်နဲ့တင် ပျော်ရွှင်နေပါတယ် ။ အဓိပ္ပာယ်မရှိတဲ့ ဘဝဆိုတာ မရှိပါဘူး ။ ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ကိုကိုယ်သာရှာဖို့ လိုတာပါ ။

ဒါဆိုရင် အဓိပ္ပာယ်မရှိတဲ့ နေ့ရက်ဆိုတာလည်း မရှိတော့ပါဘူး ။ တစ်နေ့တာရဲ့ အဓိပ္ပာယ်ကို ရိုးရိုးရှင်းရှင်းနဲ့ပဲ ရှာဖွေတွေ့ရှိသွားမှာပါ ။ ဒါဆို တစ်နေ့တာကို အကောင်းဆုံး ရှင်သန်သွားတာပဲပေါ့ ။ ကြယ်တွေဟာ မင်းအတွက်ပဲ လင်းလက်တောက်ပနေတာပါ ။

#အီမီဆို #ကြယ်တွေဟာမင်းအတွက်ပဲလင်းလက်တောက်ပနေတာပါ

image