Solar စနစ်နဲ့ အားသွင်းနိုင်တာက စမတ်ဖုန်းတင်မကတော့ဘူး Laptop တွေလည်း ပါလာပါပြီ။ ကမ္ဘာ့ပထမဆုံးပြောလို့ရမယ့် နေစွမ်းအင်သုံး Laptop အမျိုးအစားအသစ်ကို Lenovo ကနေ မိတ်ဆက်လာတာပါ။
Yoga Solar PC လို့ အမည်ပေးထားတဲ့ ဒီ Laptop က အဖုံးမှာ ဆိုလာပြားတပ်ဆင်ထားတာပါ။ အဲ့ဒီကနေတဆင့် နေစွမ်းအင်နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ မိနစ် ၂၀ အားသွင်းထားရင် 1080p video တစ်ပုဒ်ကို ၁ နာရီလောက် ကြည့်နိုင်တယ်လို့ ဆိုပါတယ်။
ဆိုလာပြားအပါကိုမှ အထူ 15.2 mm နဲ့ အလေးချိန်က 1.22kg သာရှိပါတယ်။ Intel Lunar Lake processor, Ram 32GB, Storage 1TB အထိပါနိုင်မယ်လို့လည်း ဆိုထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ 3500 ဝန်းကျင်ဖြစ်ပါမယ်။
