အထီးကျန်ခြင်းက အလည်ရောက်လာတဲ့အခါ …
ကျွန်တော်တို့အားလုံး တစ်ခါတလေမှာ အထီးကျန်ဆန်မှုကို ခံစားရဖူးပါတယ် ။ အထူးသဖြင့် တခြားသူ နဲ့ ကိုယ့်ရင်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို မမျှဝေနိုင်တဲ့ အချိန်မျိုးတွေမှာပေါ့ ။
တကယ်လို့ သင်နဲ့ နီးစပ်တဲ့ တစ်ယောက်ယောက်က သူတို့နှလုံးသားတံခါးကို ဖွင့်ပြီး ဘာတွေဖြစ်နေသလဲဆိုတာကို မျှဝေလာတဲ့အခါ သင့်ရဲ့ဝေဖန်လိုစိတ်ကို ခေါက်ထားပြီး သေချာအာရုံစိုက်လို့ နွေးထွေးစွာ နားထောင်ပေးဖို့ ကျွန်တော် အကြံပေးချင်ပါတယ် ။
နောက်ပြီး တကယ်လို့ သင်ကလည်း သင့်နှလုံးသားကို နည်းနည်းလောက်ဖွင့်ပြီး သူတို့ကို သင့်အပေါ် အမှန်တကယ် မြင်ခွင့်ပေးလိုက်နိုင်ရင် သူတို့ဘက်က တံခါးကို ပိုပြီး ကျယ်ကျယ်ဖွင့်ပေးနိုင်ပါလိမ့်မယ် ။
အဲဒီအခါ သင်ကလည်း ပိုကျယ်ကျယ် ဖွင့်ပေးရင်း အဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေး တစ်ခုကို ဖန်တီးနိုင်လာမှာ အသေအချာပါပဲ ။
#လင်းသစ်
#တွေးထင်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါ
