The Exorcism of God (2022)
မကောင်းဆိုးဝါး ပူးကပ်ခံထားရတဲ့ကောင်မလေးကို ဘုန်းကြီးလေးက အပနှင်ဖို့ကြိုးစားပေမဲ့မကောင်းဆိုးဝါးရဲ့ စေ့ဆော်မှုကို မတွန်းလှန်နိုင်ဘဲ အပမှီနေတဲ့ ကောင်မလေးနဲ့ အိပ်မိသွားပါတယ်။မကောင်းဆိုးဝါးကတော့ ထွက်သွားပါတယ်၊အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက မကောင်းဆိုးရွားကို နှင်နိုင်ခဲ့လို့ သူတော်စင်လို့ နာမည်ကျော်လာပါတယ်။တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကိုတော့သူပဲသိနိုင်တာပေါ့၊နတ်ဆိုးက နောက်ကွယ်မှာ ကြီးမားတဲ့ အစီအစဉ်တွေရှိနေတာကို နောက် ၁၈ နှစ်ကြာမှ သိလာရပါတယ်။
ဘုရားသခင်ရဲ့ အစီအစဉ်တွေကိုတင်မဟုတ်ဘဲ နတ်ဆိုးရဲ့အစီအစဉ်တွေကိုလည်း တွေ့ရမှာပါ။ဖာသာရဲ့ ယုံကြည်မှုကို နတ်ဆိုးက ကစားပြီး သူ့ဘက်ပါအောင် သိမ်းသွင်းတဲ့ ထူးထူးခြားခြား ဇာတ်အိမ်မျိုးပါ။
