6 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မုံရွာ-မန္တလေးလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေးလမ်းတွင် တိုက်ပွဲဖြစ်နေချိန် ဖြတ်မောင်းလာသည့် ခရီးသည်ယာဥ်(Express)ယာဥ်တစ်စီးပစ်ခတ်တိုက်ခိုက်ခံရပြီးသုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်သုံးဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ် ၄ ရက်ညနေ ၃ နာရီက ချောင်းဦးအနီး မုံရွာ-မန္တလေး မြို့နယ် ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေးလမ်းတွင် တိုက်ပွဲဖြစ်ပွားနေချိန် ဖြတ်မောင်းလာသည့် ခရီးသည်တင် Express ယာဉ်တစ်စီးအား ကျည်အချက်ပေါင်းများစွာထိမှန်ခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ မိခင်ဖြစ်သူ အမျိုးသမီးနှင့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက်(၅ဝ)ခန့် အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။
ထို့ပြင် အသက်(၄ဝ)အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ Express ယာဉ်၏ ရှေ့လေကာမှန်နှင့် ဘေးမှန်များ ကြေမွပျက်စီးကာ လေဝင်ပေါက်များဖြစ်နေသည်ကို တွေ့ရှိရပြီး ကားဘီးများကိုလည်း ကျည်ထိမှန်ထားသည်ကိုတွေ့ရသည်။
ခရီးသည်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ်နှင့် မည်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဓာတ်ပုံ - CJ

image