6 w - Translate

ဒီစာအုပ်လေးထဲမှာ ကိုယ်ကျိုးကို လုံးဝမငဲ့တဲ့ စေတနာ ဆရာဝန်တစ်ဦးဖြစ်တဲ့ ကိုမြင့်မောင် ဆိုတဲ့ ဇာတ်ကောင်တစ်ယောက်ဟာ ရွှေလင်းယုန် (ဂျာနယ်ကျော်ဦးချစ်မောင်)ရဲ့ ကလောင်သွားအောက်မှာ မြန်မာစာဖတ်သူတို့ မေ့မရနိုင်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ခဲ့ရပါတယ်။

မိမိချစ်ရတဲ့ အကြော့ထံက ချစ်ခွင့်ရဖို့ ရာထူးချင်းတူတဲ့ ဆရာဝန် ကိုသက်ထွန်းနှင့် ချစ်ခြင်းပြိုင်နေစဉ်မှာပင် ပလိပ်ရောဂါကြောင့် ခံစားနေရတဲ့ လူနာတွေဘက်ကို အလေးပေးခဲ့တဲ့ ကိုမြင့်မောင်ဟာ စိတ်ထားကောင်းသော်လည်း ဘဝအကျိုးပေးက မကောင်းခဲ့ပေ။

သူ့ဘဝလက်ကျန်အားလုံးကို ဆေးကုရင်းမြှုပ်နှံခဲ့သည့် ဆရာဝန် ကိုမြင့်မောင်၏ စွန့်လွှတ်အနစ်နာခံမှု၊ ဆရာဝန်မှာလည်း အသည်းနဲ့ပဲမို့ သူ့ရဲ့ ချစ်ခြင်းတရား၊ မေတ္တာတရားနဲ့ ခေတ်သရုပ်တို့အားလုံးကိုလည်း သိမြင်ခွင့်ရမယ့် စာအုပ် တစ်အုပ်ပါဗျာ။

image