6 ပတ် - ဘာသာပြန်ပါ။

ဒုက္ခအန္တရာယ်တွေ၊
အခက်အခဲတွေဆိုတာ
ပူပြင်းတဲ့ရာသီဥတုနဲ့တူတယ်၊
ပူပြင်းတဲ့ရာသီဥတုဟာ န္နားနို့ ကိုတော့
ချဉ်သိုးသွားစေတယ်၊ ဒါပေမယ့်
တချို့သော သစ်သီးတွေကိုတော့
ချိုမြိန်စေတဲ့ သစ်သီးတွေအဖြစ်
ရောက်အောင် ရင့်မှည့်စေနိုင်တယ်”တဲ့။

ဒီနည်းတူပါပဲ၊
အခက်အခဲတွေ၊ ဘေးရန်အန္တရာယ်တွေ
စတဲ့ ဒုက္ခတရားနဲ့ကြုံကြိုက်တဲ့အခါ
စိတ်ဓာတ်ခိုင်ကြည်မှု မရှိသူတွေကတော့
ပျက်ယွင်းဆုံးပါး ကျဆင်းခြင်းတွေ
ဖြစ်ရတယ်။ စိတ်ဓာတ် ကြံ့ခိုင်သူတွေကတော့ အခက်အခဲတွေကို ကြံ့ကြံ့ခိုင်ခိုင်
ကျော်လွှားရင်း အောင်မြင်သူတွေ၊
အရည်အသွေးမြင့်သူတွေ ဖြစ်လာတာပဲ။
ဒီတော့ ကြုံလာသမျှ ဒုက္ခနဲ့
ဒုက္ခရဲ့ အပေါင်းပါတွေ ဖြစ်တဲ့
အခက်အခဲတွေ၊ ဘေးရန်အန္တရာယ်တွေကို
ကြံ့ကြံ့ခိုင်ခိုင်နဲ့ ကျော်လွှားဖို့
အားမာန်ကို တင်းထားရမှာပဲ။
တင်းကို တင်းထား ရမှာပါပဲ။

_ _ _ _ _ _ _ _ _ _

▪️နန္ဒာသိန်းဇံ▪️

image