တောင်ကိုရီးယား တိုက်လေယာဉ်မှ ဗုံးသီးများမတော်တဆ ပြုတ်ကျပြီး လူအများအပြားထိခိုက်
(နိုင်ငံတကာ) မတ် ၆
တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီး ဗုံးသီးမတော်တဆ ပြုတ်ကျခဲ့ပြီး လူ ၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ပြည်တွင်းလုပ် KF-16 တိုက်လေယာဉ်သည် မတ်လ ၆ ရက်နေ့ ဒေသစံတော်ချိန် ၁၀ ဝန်းကျင်ခန့်က မြောက်ကိုရီးယားနယ်စပ်အနီး ပိုချွန်းမြို့ပေါ်တွင် လေ့ကျင်ပျံသန်းနေစဉ် လူနေရပ်ကွက်ပေါ်သို့ ဗုံးသီး ၈ လုံးပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ပိုချွန်းမြို့ အာဏာပိုင်များက ပြုတ်ကျခဲ့သော ဗုံး ၈ လုံးအနက် တစ်လုံးသာ ပေါက်ကွဲခဲ့ပြီး ကျန် ၇ လုံးအား သက်မဲ့ပြုလုပ်ရန် ကြိုးစားနေကြောင်းသိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများအနက် ၂ ဦးမှာ လည်ပင်းနှင့် ပခုံးရိုးများ ကျိုးသွားခဲ့သည့်အတွက် စိုးရိမ်ရသည့်အခြေအနေဖြစ်ပြီး ဗုံးကျရောက်ခဲ့သည့်နေရာမှ ဒေသခံများကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ထားရကြောင်းသိရသည်။
တောင်ကိုရီးယားလေတပ်က မတော်တဆဖြစ်ပွားခဲ့သည့်အတွက် တောင်းပန်ကြောင်းထုတ်ပြန်ခဲ့ပြီး ထိခိုက်နစ်နာသူများအား လျော်ကြေးပေးမည်ဟု ထုတ်ပြန်ထားသည်။
