7 ပတ် - ဘာသာပြန်ပါ။

ဟီရိုရှီးမားမြို့ ဗုံးကြဲခံရမှုမှ ရှင်သန်လွတ်မြောက်ခဲ့
သောသမိုင်းဝင် ဘွန်ဆိုင်းသစ်ပင်
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် အမေရိကန်တို့သည် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်သို့ အနုမြူဗုံးကြဲချခဲ့ပါတယ်၊ ထိုဗုံးကြောင့် မြို့တော်တစ်ခုလုံးနီးပါး ပြာကျပျက်စီးခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
သို့သော် ထိုအဖြစ်ဆိုးကြီးမှ အံ့ဖွယ်ကောင်းစွာ လွတ် မြောက်ခဲ့သော အရာတစ်ခုရှိခဲ့ပါတယ်။ ထိုအရာမှာ နှစ်ပေါင်း ၄၀၀ နီးပါး သက်တမ်းရှိပြီဖြစ်သော ဂျပန်အဖြူရောင် ထင်းရှူး ဘွန်ဆိုင်းပင်လေးတစ်ပင် ဖြစ်ပါတယ်။
ထိုဘွန်ဆိုင်းပင်လေးကို ယာမာကီမိသားစုမှ ၎င်းတို့၏ နေအိမ်တွင် စိုက်ပျိုးထားခဲ့ခြင်းဖြစ်ပြီး ထိုအိမ်သည် ဗုံးကြဲချခံရသည့် မြို့အလယ်ဗဟိုချက်မှ မိုင်အနည်းငယ်သာ ကွာဝေးသောကြောင့် ဗုံး၏ အပူဒဏ်နှင့် ပျက်စီးမှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။
သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် ထိုဘွန်ဆိုင်းပင်လေးမှာ မည်သည့်ထိခိုက်မှုမှ မရှိဘဲ ကျန်ရစ်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာပြီးနောက် ၁၉၇၆ ခုနှစ်တွင် ဘွန်ဆိုင်းပညာရှင် မာစာရု ယာမာကီသည် ထိုအပင်ကို အမေရိကန်နိုင်ငံ၏ နှစ် (၂၀၀) ပြည့် အထိမ်းအမှတ်အဖြစ် လက်ဆောင်ပေးအပ်ခဲ့ပါတယ်။
ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆက်သွယ်မှုရဲ့ သင်္ကေတအဖြစ် ပေးအပ်ခဲ့ပေမယ့် ၂၀၀၁ ခုနှစ်မှာ ယာမာကီ ရဲ့ မြေးနှစ်ယောက်က ဒီအပင်နဲ့ ဟီရိုရှီးမားဗုံးကြဲမှု ရဲ့ ဆက် နွယ်မှုကို ဖော်ထုတ်နိုင်ခဲ့တဲ့အချိန်အထိ အမေရိကန်နိုင်ငံက ဒီအပင်ရဲ့ နောက်ခံသမိုင်းကြောင်းကို မသိခဲ့ပါဘူး။
ယနေ့တွင်တော့ ထိုဘွန်ဆိုင်းပင်လေးကို အမေရိကန်အမျိုးသား အာဘိုရီတမ် (National Arboretum) အပင်ဥယျာဉ် တွင် ပြသထားပြီး အသက်ရှင်သန်မှု နှင့် ငြိမ်း ချမ်းရေး ရဲ့ အစွမ်းသတ္တိ ကို သတိရစေတဲ့ အမှတ် အသား တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။
#knowledge

image