7 ပတ် - ဘာသာပြန်ပါ။

"ဘဝကိုပြောင်းလဲချင်ရင် ဦးနှောက်ကို ပြောင်းလဲပါ "
📚 ဒီစာအုပ် ဝယ်လာကာစက မှားပြီလို့ တွေးလိုက်မိသေးတယ် ။ အညွှန်းတွေ လိုက်ရှာဖတ်တော့လည်း သိပ်ညွှန်းထားကြတာလည်း မတွေ့ဘူး ။ ဖတ်တဲ့သူလည်း သိပ်မရှိလောက်ဘူးဆိုပြီး စိတ်ညစ်သွားတယ် ။
ကိုယ်တိုင် အမြည်းဖတ်ကြည့်တော့လည်း ဆေးပညာလား ၊ စိတ်ပညာလား ၊ သိပ္ပံပညာလား အဲ့လိုအရေးအသားတွေနဲ့ဆိုတော့ နားမလည်ဘူး ။ ကိုယ့်ဉာဏ်ရည်နဲ့လိုက်လို့မမီတဲ့ စာအုပ်ပေါ့ ။ အဲ့လိုနဲ့ ဝယ်ပြီးမှတော့ မထူးပါဘူးလေဆိုပြီး ဟိုလှန် ဒီလှန်နဲ့ ကိုယ်နားလည်နိုင်လောက်မယ့်အကြောင်းလေးတွေ အရင်ရွေးဖတ်ကြည့်တယ် ။ ဖတ်ရင်းတောင် နားမလည်တချက် လည်တချက်ပဲ ။ အဲ့လိုနဲ့ ဖတ်ရတာ ပင်ပန်းလာရင် နားလိုက်
ပြန်ဖတ်လိုက်နဲ့ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာကောင်းကောင်းလာတယ် ။ သူများပေးပစ်ဖို့ ၊ ပြန်ရောင်းဖို့အထိ တွေးထားတဲ့ ဒီစာအုပ်ကို ငါ့အတွက် တစ်ခုခုတော့ ကျန်အောင်ဖတ်ကြည့်ဦးမယ်ဆိုပြီး ဖတ်ကြည့်လိုက်တာ ဘာသွားတွေ့လည်းဆိုတော့ သာမန်နားမလည်နိုင်တဲ့ အရေးအသားတွေထဲက တစ်ကြောင်းစ နှစ်ကြောင်းစ မှတ်သားစရာလေးတွေ တွေ့လာတယ် ။
၁ . သ,က်ဆိုးရှည်စွာ စွဲကျန်ရစ်သော သဲလွန်စများ
၂ . ပုံစံတူ ဖန်တီးမှုများက သင့်ကို ဆင်းရဲစေသည်
၃. မိမိကိုယ်မိမိထားသော ကရုဏာ
၄. ကျင့်ကြံမှုလမ်းကြောင်း တစ်ခု (ဆင်းရဲခြင်းကိုရှောင်လွှဲ၍ မရသော်လည်း ခံစားမှုကိုမူ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိသည်။)
ဒီခေါင်းစဉ်တွေမှာ ကိုယ်တိုင် တွေးခေါ်ယူရတာမျိုးတွေပါတယ် ။
(၁ )မှာဆို ကိုယ့်ဆီမှာ ကျန်ရှိနေတဲ့ အတိတ်က မကောင်းတဲ့ဖြစ်ရပ်တွေဟာ လက်ရှိအချိန်ထိ ကပ်ငြိနေမယ်ဆိုရင် မလိုအပ်တဲ့ စိတ်ပင်ပန်းရတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကို ပြောချင်တာပါ ။
(၂) မှာ မဖြစ်သေးတဲ့ အရာကို ကြိုဖန်တီးပြီး ကြိုတွေးထားတာမျိုး ကောင်းတဲ့ကိစ္စဆိုလည်း ပိုပျော်ထားပြီး ၊
မကောင်းတဲ့အရာဆိုလည်း ကြိုစိတ်ပင်ပန်းခံထားတာ မဖြစ်လာသေးဘဲ စိတ်ကို အရင်အလုပ်ပေးထားတာမျိုးပေါ့ ။ တကယ့် ပျော်စရာက ကိုယ် တွေးထားသလောက်မဟုတ်ခဲ့ရင် တကယ့်စိုးရိမ်စရာက ကိုယ်ထင်သလောက်မဟုတ်ခဲ့ရင် ကိုယ့်စိတ်က အချည်းနှီး ဆင်းရဲရတယ်ဆိုတာမျိုး ။
စာနာမှု (ကိုယ်ချင်းစာတရားနဲ့ပုံစံတူတူပါပဲ)
မိမိကိုယ်မိမိအခိုင်အမာပြောဆိုခြင်း
အပြစ်ရှိမှု(သို့)နောင်တဖြင့် နှောင့်ယှက်မထားသောစိတ်နှင့်အတူ အပြစ်တင်မှုကင်းခြင်း၏ ပျော်ရွှင်ချမ်းမြေ့ခြင်းကို ခံစားရသည်မှာ ကောင်းပါသည်။)
✨ အတိုင်းမသိသောအကြင်နာတရား
ဤကမ္ဘာပေါ်ရှိ ပျော်ရွှင်မှုအားလုံးသည် အခြားသူများကိုပျော်ရွှင်စေလိုခြင်းမှလာပြီး ဤကမ္ဘာပေါ်ရှိ ဆင်းရဲမှုအားလုံးသည် မိမိတစ်ဦးတည်းသာ ပျော်ရွှင်လိုခြင်းမှလာသည်။)
သျှန္တီဒေဝ
✨ မကောင်းသော စိတ်ထားကို ကောင်းသော စိတ်ထားအဖြစ်သို့ပြောင်းလဲခြင်း ၊ အမုန်းတရားကို အမု,န်းတရားဖြင့် မည်သည့်အခါမှ အနိုင်မရပါ ။ အမု,န်းတရားကိုမေတ္တာတရားဖြင့်သာ အနိုင်ရသည် ။ဤသည်မှာ အမြဲမှန်ကန်သော နိယာမ ဖြစ်သည် ။
ဓမ္မပဒ
✨ သတိရှိသော သင့်ဦးနှောက်
သတ္တဝါတစ်ဦးကို (အထူးသဖြင့်လူ) အသက်ရှင်ကျန်ရစ်အောင် ကူညီရန်အတွက် လိုအပ်ချက် သုံးခုကို ဟန်ချက်ညီအောင်လုပ်ခြင်းဖြင့် အာရုံစိုက်မှု၏ လည်ပတ်မှုကို ဦးနှောက်က ထိန်းကျောင်း ကိုင်တွယ်ပါသည် ။ သိမှုကိုအချိန်နဲ့ တစ်ပြေးညီ ကိုင်တွယ်ခြင်း ။
✨ ပျော်ရွှင်ချမ်းမြေ့စွာ အာရုံစူးစိုက်နိုင်စွမ်း
*တရားထိုင်ခြင်း၏ တန်ခိုးစွမ်းအား
*တစ်ခုတည်းကိုသာ အာရုံစူးစိုက်သော စိတ်
*အာရုံစူးစိုက်မှုဖြင့် တရားမှတ်ခြင်း
✨ အတ္တကို မှန်ကန်စွာ သိမြင်နားလည်ခြင်း
နည်းလမ်းကို လေ့လာခြင်းသည် အတ္တကို လေ့လာခြင်းဖြစ်သည် ။ အတ္တကို လေ့လာခြင်းသည် အတ္တကို မေ့ထားခြင်း ဖြစ်သည် ။ အတ္တကို မေ့ထားခြင်းသည် အရာအားလုံးဖြင့် ဉာဏ်အလင်းကို ရရှိခြင်းဖြစ်သည် ။
ဒိုဂျင်
✨ သင့်ဦးနှောက်ထဲမှအတ္တ
အတ္တသည် လူတစ်ယောက်၏ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်သည် ။ အဲ့လို မှတ်သားစရာလေးတွေကို တွေ့လာရတယ် ။ မူရင်းစာရေးသူက မြန်မာလူမျိုးလည်းမဟုတ် ၊ စာအုပ်ကလည်း ဘာသာပြန်ဆိုတော့ အရေးအသားတွေက စဖတ်ရတာ အဆင်မပြေရတဲ့ထဲ အပေါ်ယံ ကြည့်လိုက်ရင် ကိုယ် နားမလည်တဲ့ အသုံးအနှုန်းတွေဆိုတော့ မြန်မာစာကို မြန်မာလို နားလည်အောင် နဲနဲတော့ အချိန်ယူရတယ် ။ ဗုဒ္ဓရဲ့ဦးနှောက်အကြောင်းကို ခွဲခြမ်းစိတ်ဖြာထားတာမဟုတ်ဘဲ တရားတော်တွေကို သိပ္ပံနည်းကျသုံးသပ်ထားတယ်လို့ ဆိုတယ် ။
✨ အဓိက ကတော့ စိတ် နဲ့ ဦးနှောက်ဟာ အပြန်အလှန်မှီခိုထိန်းကျောင်းနေကြောင်းပါပဲ ။ အဲ့ကနေမှ ဗုဒ္ဓရဲ့ကျင့်စဉ်တွေကို ကျင့်တဲ့အခါမှာ စိတ်ကို ဦးနှောက်က ထိန်းကျောင်းထားနိုင်ဖို့ အသိ နဲ့ သတိယှဉ်ပြီး စိတ်နဲ့ဦးနှောက်ကို ပြုပြင်ယူနိုင်ဖို့ပါ ။ သာမန်လူတွေအတွက်ချာချာလည်နိုင်ပေမယ့် တရားအားထုတ်တဲ့သူတွေ ၊ တရားထိုင်မယ့်သူတွေအတွက်တော့ ပါဠိတော်တွေလိုမဟုတ်ဘဲ သင်ကြားရေး စာအုပ်တစ်အုပ်လို ၊ စိတ်ပညာစာအုပ်လို အသုံးဝင်ပါတယ် ။ တရားအားထုတ်ဖို့ ၊ တရားဓမ္မ လေ့လာလိုက်စားချင်တဲ့သူတွေ အနေနဲ့ လက်တွေ့ကျကျ ခွဲခြမ်းစိတ်ဖြာပေးထားတဲ့ စာအုပ်ပါ ။
နည်းနည်းတော့ အာရုံစူးစိုက်ရတယ် ။ အဓိကအချက်လေးတွေကို ချရေးပြီးမှ ကိုယ် နားလည်နိုင်အောင် ပြန်တွေးကြည့်ရတယ် ။ ဆရာလုပ်တာတော့ မဟုတ်ပါဘူးနော် ။ ဒီစာအုပ် ဝယ်လာလာချင်း ကိုယ့်ရဲ့အတွေးနဲ့
စာအုပ်ကို အနည်းငယ် လေ့လာမိပြီး ကိုယ့်ရဲ့အတွေးလေးကို ချပြချင်တာပါ ။
Reviewby-နေခြည်ချိုအေး
(လေးစားစွာcrd)🙏
#ဗုဒ္ဓဦးနှောက်

image