7 ပတ် - ဘာသာပြန်ပါ။

လျှပ်စစ် လေယာဉ် တက္ကစီကို ပြသလိုက်တဲ့ တိုယိုတာ
===============================
မြို့ထဲမှာ ကားလမ်းပိတ်ဆို့တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် လျှပ်စစ် လေယာဉ် တက္ကစီတွေကို ဖန်တီးနေကြပါတယ်။ လျှပ်စစ် လေယာဉ် တွေဟာ အသံဆူညံမှု မရှိသလို သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိပါဘူး။ မြို့ထဲမှာလည်း ခရီးသည်တွေကို လျှင်မြန်စွာ သယ်ယူပို့ဆောင်ပေးနေပါတယ်။
ကမ္ဘာ့ အထင်ကရ ကားထုတ်လုပ်တဲ့ တိုယိုတာဟာလည်း လျှပ်စစ် လေယာဉ် တက္ကစီကို ဖန်တီးနေပါတယ်။ တိုယိုတာဟာ အဲဒီ စီမံကိန်းအတွက် အမေရိကန် အခြေစိုက် လျှပ်စစ် လေယာဉ် တက္ကစီတွေကို တီထွင်နေတဲ့ Joby Aviation နဲ့ ပူးပေါင်းထားပါတယ်။
အခုတော့ တိုယိုတာက သူ့ရဲ့ လျှပ်စစ် လေယာဉ် တက္ကစီကို ပြသလိုက်ပါတယ်။ အဲဒီ လေယာဉ်ဟာ ပိုင်းလော့နဲ့ ခရီးသည် ၄ ယောက်ကို သယ်ဆောင်နိုင်ပြီး ၁ နာရီကို ၂၀၀ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ တိုယိုတာက အဲဒီ လေယာဉ်ကို ထုတ်လုပ်ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။
တိုယိုတာဟာ Joby Aviation မှာ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နှံထားပြီး တိုယိုတာ အတွက် လေယာဉ်တွေ ထုတ်လုပ်ပေးဖို့ ရေရှည်သဘောတူညီမှုရယူထားပါတယ်။ Joby Aviation ကို ၂၀၀၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး လျှပ်စစ် လေယာဉ်များစွာကို ထုတ်လုပ်ထားပါတယ်။
Ref : interestingengineering

image
image
image