5 w - Translate

iPhone မှာ Racist လို့ စာရေးရင် Trump လို့ ပေါ်လာတဲ့ ပြဿနာ တက်နေ
==========================================
Apple iPhone မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်တဲ့ Software ပြဿနာ တက်နေပါတယ်။ iPhone ရဲ့ Speech-to-text စနစ်မှာ Racist (လူမျိုးရေးခွဲခြားသူ) လို့ ပြောလိုက်ရင် Trump လို့ ပြောင်းသွားတာ ဖြစ်ပါတယ်။ Apple က အဲဒီ ပြဿနာကို Software Update နဲ့ ဖြေရှင်းပေးနေရပါတယ်။
အဲဒီ ပြဿနာကို ပြသထားတဲ့ ဗီဒီယိုဟာ TikTok မှာ နာမည်ကြီးသွားပြီး လူသိများလာတာ ဖြစ်ပါတယ်။ Apple က Speech Recognition Bug ကြောင့် အခုလို ဖြစ်တာလို့ ပြောပါတယ်။ တချို့က ဒါဟာ နည်းပညာ အမှားကြောင့် ဖြစ်ပြီး တချို့က တမင်သက်သက် ပြုလုပ်ထားတာလို့ ပြောကြပါတယ်။ ကျွမ်းကျင်သူတချို့က AI ကို လေ့ကျင့်သင်ကြားပေးထားတဲ့ လူသားတွေရဲ့ စကားတွေကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။
ထရမ့်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။ ထရမ့် နဲ့ Apple အကြားမှာ ပြဿနာ အဖုအထစ် အနည်းငယ်တော့ ရှိပါတယ်။ Apple ရဲ့ ထုတ်လုပ်ရေးလုပ်ငန်း အများစု တရုတ်နိုင်ငံမှာရှိတဲ့အတွက် ထရမ့်က တရုတ်ကို အခွန်တိုးကောက်တာဟာ Apple ကို ထိခိုက်စေပါတယ်။ ထရမ့်ရဲ့ အခွန်မူဝါဒတွေကြောင့် Apple ဟာ အမေရိကန်ပြည်ထောင်စုမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။

image