5 w - Translate

ဘယ်သူမှ မခန့်မှန်းနိုင်သေးတဲ့ ငလျင်နဲ့ လတ်တလော ရန်ကုန်မြို့ရဲ့ ငလျင်ဒဏ် အလုံခြုံဆုံးနေရာ
ငလျင်ကို ဘယ်သူမှ တိကျစွာ မခန့်မှန်းနိုင်သေးပါဘူး။ ခန့်မှန်းနိုင်သူ ပေါ်လာရင်လည်း နိုဘယ်ဆု တန်းရမှာ သေချာပါတယ်။ ကမ္ဘာပေါ်က သိပ္ပံပညာရှင်တွေဟာ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းအနည်းငယ်သာ ငလျင်ကို ကြိုတင် ခန့်မှန်းနိုင်ပါသေးတယ်။
ဘယ်နှခါ လှုပ်ရင် ဘယ်လို ဖြစ်တတ်တယ်၊ ပူလာရင် ဘယ်လိုလှုပ်၊ အေးရင် ဘယ်လိုလှုပ်၊ ကမ္ဘာကြီး ကပ်ဆေးလို့လှုပ်၊ ငါးပါးသီလ မလုံလို့ လှုပ်တာတွေ တခုမှ မဟုတ်ပါဘူး။ ကျောက်လွှာချပ်နဲ့ ချော်ရည်ပူတေွ ရွှေ့ပြောင်းခြင်းကြောင့် လှုပ်တာပါ။ အဲဒီကျောက်လွှာတွေထဲအထိ စောင့်ကြည့်စမ်းသပ်နိုင်ရင်တော့ ငလျင်ကို ခန့်မှန်းနိုင်ပါတယ်။
အဲဒါကြောင့် ကြိုတင်ပြင်ဆင်မှု လုပ်ထားကြပါ။ အကြောက်မလွန်ပါနဲ့။ အစိုးရိမ် မလွန်ပါနဲ့။ ရန်ကုန် လူဦးရေ ၅ သန်းလောက်ဟာ တိုက်အမြင့်တွေနဲ့ တိုက်အမြင့် ပတ်ဝန်းကျင်တွေမှာ နေကြတာပါ။ တခုခု ဖြစ်ခဲ့ရင် မိုးပြို အများပါပဲ။ အရမ်းကြောက်နေရင်တော့ လှည်းကူးဖက်က လယ်ကွင်းတွေဖက်မှာ ခဏရှောင်နေကြပါ။
#ရန်ကုန်
#ငလျင်

image