5 w - Translate

#နိုင်ငံတကာသတင်း
◼ယူကရိန်းအရေးဝါရှင်တန်နှင့်အီးယူသ‌ဘောထားကွဲမှုကြောင့်ရုရှားနှင့်ဘီလာရုစ်အမြတ်ထွက်ဟုလူကာရှန်ကိုပြော
အမေရိကန် က ယူကရိန်းခေါင်းဆောင်အား ဆက်ဆံလိုက်ပုံနှင့် ဝါရှင်တန်နှင့်အီးယူကြား သ‌ဘောထားကွဲပြားမှုက ရုရှားနှင့်ဘီလာရုစ်အား အမြတ်ထွက်စေခဲ့ကြောင်းရုရှားမဟာမိတ် ဘီလာရုစ်ခေါင်းဆောင် အလက်ဆန်းဒါးလူကာရှန်ကို က ဗုဒ္ဒဟူးနေ့ မှတ်ချက်များတွင် ပြောကြားသည်။
မီဒီယာသမားတစ်ဦးဖြစ်သူ မာရီယိုနော်ဖယ်နှင့် အီလွန်မာ့စ်ပိုင်ဆိုင်‌သော X လူမှုကွန်ရက်ပေါ်မှ ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် လူကာရှန်ကို က အမေရိကန်သမ္မတ‌‌ဒေါ်နယ်ထရန့် နှင့် ယူကရိန်းစစ်ပွဲအပေါ် ၎င်းချဉ်းကပ်ပုံကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။
“ ဒီအစိုးရကြောင့်သာ စစ်ပွဲအဆုံးသတ်ရေးကိစ္စက အခုလိုအရေးတကြီး ဖြစ် လာခဲ့တာပါ။ ဒေါ်နယ်ထရန့်က ဇီလန်စကီး ကို သူရှိသင့်တဲ့နေရာကို ပြလိုက်တာက ကျွန်တော်တို့အတွက် အကျိုးရှိပါတယ်။ သူက သူ့နေရာကို သိသင့်ပါတယ်။” ဟု အနောက်တိုင်းက အတုအယောင်ဟုဆိုသည့် ဇန်နဝါရီ ရွေး ကောက်ပွဲတွင် ၎င်း၏ ၃၁ နှစ်ကြာ အာဏာချုပ်ကိုင်မှုအား ထပ်မံသက်တမ်းတိုးခဲ့သော ဘီလာရုစ်ခေါင်း‌ဆောင် က ပြောကြားသည်။
ယူကရိန်းစစ်ပွဲကြောင့် လူကာရှန်ကိုနှင့်ရုရှားသမ္မတ ဗလာဒီမာပူတင်ကြား အ လွန်ပင် ရင်းနှီးသွားခဲ့ရကာ ကျူးကျော်မှုအား ဘီလာရုစ်မြေပေါ်မှ တစ်စိတ်တစ်ပိုင်းလုပ်‌ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် ဘီလာရုစ်သို့ ရုရှားက နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်များ ပေးပို့ ချထားခဲ့သည်။
စစ်ပွဲအဆုံးသတ်ရေးမှလွဲ၍ ဒေါ်နယ်ထရန့်တွင် အခြားရည်မှန်းချက်မရှိကြောင်းနှင့်ယင်းမှာ အလွန်ပြောင်မြောက်သော နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း လူကာရှန်ကိုက ချီးကျူးပြောကြားသည်။
“ ကျွန်တော်အနေနဲ့ သူ့ဘေးနားမှာရပ်ပြီး စစ်ပွဲအဆုံးသတ်ဖို့၊ လူတွေရဲ့ ဘဝတွေ တိုးတက်စေဖို့အတွက် လိုအပ်တာတွေအားလုံးလုပ်ဖို့ အသင့်ပါပဲ” ဟု လူကာရှန်ကိုက ဆိုသည်။
အမေရိကန်နဲ့ အီးယူကြားမကြာမီက ဖြစ်ပေါ်လာသည့် စိတ်ဝမ်းကွဲမှုကလည်း ဘီလာရုစ်အတွက် အကျိုးရှိကြောင်း လူကာရှန်ကို က ဆက်လက်ပြောသည်။
“ ရိုးရိုးသားသားပဲပြောကြပါစို့ ။ ဒါက ကျွန်တော့်အတွက် အကျိုးရှိပါတယ်။ အမေရိကန်နဲ့ အီးယူကြား သ‌ဘောထားကွဲပြားမှုတွေရှိတာက ကျွန်တော်တို့အ တွက် အသုံးဝင်ပါတယ်။” ဟု အနောက်တိုင်းနှင့် အမေရိကန်တို့၏ တားဆီးပိတ်ဆို့မှုအများအပြားနှင့် ရင်ဆိုင်ခဲ့ရသော ဘီလာရုစ်ခေါင်းဆောင်က မကွယ်မဝှက်ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image