ဒီ Body lotion သုံးရင် ရေမွှေးဆွတ်ဖို့ လုံးဝမလိုတော့ဘူး🤭
Perfume နဲ့ Body lotion တွဲဖက်ထားတဲ့ GLOSSY perfume body lotion အကြောင်းလေး Nyi ဒီနေ့ပြောပြချင်ပါတယ်။ အရင်ဆုံး GLOSSY Brand လေးအကြောင်း ပြောပြရရင် သူက အသစ်ထွက်တာ အရမ်းမကြာသေးတဲ့ Local brand တခုဖြစ်ပြီး ရှေ့မှာ Body scrub လေးတွေ ထွက်ထားတယ်ပေါ့နော်။ ခုဒီတခေါက်ကတော့ Branded perfume တွေရဲ့ inspired ရနံ့တွေနဲ့အတူ Perfume body lotion လေးတွေ မိတ်ဆက်လာတာပါ။ အနံ့ 3မျိုး ထွက်ရှိထားပြီး သိပ်မကြာခင် နောက်ထပ် အနံ့ 2မျိုးလဲ ထွက်လာမယ်လို့ ဆိုပါတယ်။
GLOSSY က Local Brand ဆိုပေမဲ့ သူ့မှာ Quality တခုထိန်းထားတာ သတိထားမိတယ်။ စျေးနှုန်းသင့်တင့်ပေမယ့် အသုံးပြုထားတဲ့ကုန်ကြမ်း, Packaging ကိုကြည့်ရင် မြင်သာတယ်ပေါ့နော်။ ယခု Perfume lotion ကို ဆိုရင်လဲ Perfume ကုန်ကြမ်းတွေကို Spain နိုင်ငံက Lotion ကုန်ကြမ်းတွေကို ထိုင်းနိုင်ငံက တင်သွင်းအသုံးပြုထားပါတယ်။
GLOSSY perfume lotion ဆိုပြီး ထွက်ခါစကဆို တော်တော်များများက ရှေ့မှာထွက်ဖူးတဲ့ CARA body lotion နဲ့ packaging ကအစ တူလိုက်တာလို့ ပြောကြတယ်။ အဲ့ဒါက Nyi အမြင်ကိုပြောရရင် Founder တယောက်ထဲက ထုတ်တာမလို့ပါ။ CARA perfume lotion ထက်ကို ဒီ GLOSSY perfume lotion က ပိုပြီး upgrade လုပ်ထားသလိုပေါ့။ သုံးရတဲ့ experience ပိုင်းတွေ၊ perfume တွေရဲ့ အနံ့စစထွက်ချင်းမှာ တွေ့ကြုံရတဲ့ ခံစားမှုတွေ ပိုမိုကောင်းမွန်လာတယ်။ ပျံ့လွင့်အား အနံ့စွဲအားတွေလဲ ပိုပြီးစိတ်ကျေနပ်ဖို့ကောင်းလာပါတယ်။
02 Tender - ပန်းရနံ့သင်းသင်းလေး ကြိုက်တဲ့သူတွေက ဒီအနံ့လေးသုံးပါ။ အဆင့်အတန်းရှိရှိနဲ့ ခေါင်းမမူးစေတဲ့ အကြည်ဓာတ်အနံ့လေး ဖြစ်ပါတယ်။
03 Miracle - မိန်းမသားတယောက်အတွက် စွဲမက်ဖွယ် စွဲဆောင်မှုရှိတဲ့အနံ့လေး ရွေးမယ်ဆိုရင် Miracle အနံ့လေးက တော်တော်လေးကောင်းပါတယ်။
06 Daylight - စိတ်ကိုလန်းဆန်း ပျော်ရွှင်စေတဲ့ အနံ့လေး။ နွေရာသီလို ချွေးပြန်ပူအိုက်တဲ့ရာသီနဲ့ ကွက်တိဖြစ်မယ့် အနံ့အသက်လေးပါ။
ဒီ GLOSSY perfume body lotion နဲ့ပတ်သက်ပြီး Nyi သဘောကျတာဆိုရင် သူ့ရဲ့အမွှေးနံ့အပြင် Texture ကိုလဲ အရမ်းကြိုက်တယ်။ သူ့ texture က အပွင့်လင်းဆုံးဝန်ခံရရင် lightweight အဖြစ်ဆုံးတော့ မဟုတ်ဘူး ဒါပေမဲ့ စိမ့်ဝင်အားအရမ်းကောင်းတယ်။ ကြိုက်သလောက်လိမ်း အားရပါးရလိမ်း ခုလိမ်းခုပျောက်ပဲ။ လိမ်းထားပြီးရင် အသားအရေလေးက အေးပြီးမွှေးပြီး လွတ်လပ်ပေါ့ပါးနေတယ်။ Very breathable & airy! နွေရာသီအတွက် အရမ်းကိုသင့်တော်တဲ့ lotion တခုပါပဲ။ Hydrating & moisturizing လဲ သေချာဖြစ်တယ်။
Perfume ရဲ့ကောင်းမွန်မှုကလဲ CARA တုံးကထက် improve ဖြစ်လာတဲ့အချက်က စစလိမ်းချင်းမှာ အနံ့ကထောင်းခနဲ တိုးဝှေ့ထွက်မလာဘူး။ ငြင်ငြင်သာသာလေးနဲ့ အနံ့သင်းသင်းလူလူလေးကို ခံစားရတယ်။ သုံးကြည့်တဲ့အခါ သိပါလိမ့်မယ် ကုန်ကြမ်းကောင်းကောင်းကို well formulate လုပ်ထားလို့ ဒီလို result ကိုရတယ် ထင်ပါတယ်။ အနံ့စွဲအား ပျံ့လွင့်အားလဲ perfume lotion တခုအနေနဲ့ သူ့အတိုင်းအတာလောက် သေချာကောင်းတယ်။ ညကလိမ်းအိပ်တဲ့ lotion အနံ့က မနက်အိပ်ရာထတဲ့ထိကို သင်းနေရော။ အနံ့ကြောင့် ခေါင်းမမူးရလို့ ပိုကြိုက်တယ်။
စာလဲရှည်ပြီဆိုတော့ အချုပ်ကိုပြောရရင် ညဘက်ကို သေချာလေးအိပ်ပျော်ချင်တဲ့သူ၊ ကိုယ်သင်းရနံ့လေး ကောင်းတာမျိုး ကြိုက်တဲ့သူ၊ အပြင်သွားခါနီး ရေမွှေးဆွတ်ဖို့ ခဏတိုင်းမေ့တတ်သူဆိုရင် ဒီ GLOSSY perfume body lotion လေးက ရှယ်ကိုဇွန်းတပ်ပေးထားသလိုပါပဲ။ နွေရာသီနဲ့လဲ ကိုက်ညီမှုရှိပြီး ချွေးပြန် အနံ့ဆိုးထွက်တတ်တဲ့သူတွေနဲ့လဲ အံဝင်ဂွင်ကျဖြစ်ပါတယ်။ သုံးကြည့်ဖို့ Review By Nyi ကနေ recommend လုပ်ပါတယ်ခင်ဗျာ♥️
🛒 @DDC Beauty Channel
လက်ဆောင်တဗူး မဲဖောက်ပေးမှာမလို့ ပိုစ့်လေးကို react နှိပ်ပြီး comment မန့်ခဲ့ပါအုံးနော်🫶
Disclaimer : Collab ē GLOSSY
#glossy #glossyperfumebodylotion
#reviewbynyi #nyipick #nyipickbodycare
#crd
