စမိုင်ကြိုက်သူများအတွက် စမိုင်ပြုလုပ်နည်း
----------------------------------------------
(ဆီးချိုရှိသူများ နှင့် အချိုရှောင်လိုသူများပါ စားလို့ရမယ့်
စမိုင်ကို အိမ်မှာ လွယ်လွယ် နဲ့ မြန်မြန် လုပ်စားကြမယ်)

လိုအပ်သည့်ပစ္စည်းများ
--------------------
မိသားစု ၅ယောက် အတွက်
စမိုင်ခြောက်(လှော်ပြီး) ၅ကျပ်သား
ထောပတ် ၂ကျပ်ခွဲသား
အဆီထုတ်ထားသော (non fat) နွားနို့ကြိုပြီးသား ၁လီတာ
Dawn နို့စိမ်း ဟင်းချက်ဇွန်းကြီး ၂ဇွန်း
Equal သကြားတု ၁၀ထုပ်
(ချိုတာကြိုက်လျှင် ၁၅ထုပ်)
စပျစ်သီးခြောက် (ကြိုက်လျှင်) အနည်းငယ်
ဆား အနည်းငယ်

ပြုလုပ်နည်း
----------
အိုးကို မီးပူပေးပါ။ အိုးပူလာပြီဆို ထောပတ်ကို အိုးထဲသို့ထည့်ပါ။ ထို့နောက် စမိုင်ခြောက်ကို ထည့်၍ မီးအေးအေးဖြင့် နှံအောင် မွှေပေးပါ။ ထောပတ် အားလုံး စိမ့်ဝင်သွားပြီ ဆိုပါက နွားနို့၊ နို့စိမ်း၊ Equal သကြားထုပ်၊ ဆား ထည့်၍ မီးပြင်းပြင်းဖြင့် တောက်လျှောက်မွှေပေးပါ ။ ပျစ်လာပြီဆိုတိုင်း ရေနွေး ထပ်ရောမွှေပေးပါ။ မီးပြင်းပြင်းဖြင့် ၁၀မိနစ်ခန့် သေချာ မွှေပြီးပြီဆိုပါက စမိုင် နူးပါပြီ။ ထို့နောက်မှ စပျစ်သီးခြောက်လေးထည့်မွှေ၍ အအေးခံပြီး အရသာရှိရှိ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အိမ်လုပ် ရိုးသားတဲ့ စမိုင်လေး သုံးဆောင်လို့ရပါပြီ။

image