Part-1
အခန်း (၂)
စကားစတင်ပြောဆိုခြင်း
လူစိမ်းများနှင့် စကားပြောဆိုခြင်း
*မိမိ၏ရှက်တတ်မှု၊ သူတစ်ပါး၏ ရှက်တတ်မှုကို ကျော်လွှားခြင်း * စတင်ပြောဆိုခြင်း
* ရှောင်ကြဉ်ရမည့် မေးခွန်းများ
* စကားပြောဆိုရာတွင် လိုက်နာရမည့် ပထမဆုံး ဥပဒေသ * ကိုယ်ဟန်အမူအရာ
* ရှောင်ရန်ရှိပါသေးသလား
လူမှုရေးအရ ပြောဆိုရာ၌ဖြစ်စေ၊ လုပ်ငန်းနယ်ပယ်တွင် ပြောဆိုရာ၌ ဖြစ်စေ၊ မည်သည့်နေရာတွင်ဖြစ်စေ စကားပြောဆိုရာ၌ ပထမဆုံး သတိထား ရမည့်ကိစ္စမှာ အခြားသူများ သက်သောင့်သက်သာရှိနေစေရေး ဖြစ်သည်။ ကျွန်တော်တို့ အများစုသည် ရှက်တတ်ကြသည်။ ကျွန်တော်ပြောတာကို ယုံပါ။ ကျွန်တော်လည်း ရှက်တတ်သည်။ ဘရုကလင်းမှ မြို့ပေါ်တက်လာ သည့် မျက်မှန်တပ်ထားသော ဂျူးလူငယ်တစ်ယောက်ဖြစ်သည့် ကျွန်တော် သည်လည်း ရှက်တတ်သည်။ ကျွန်တော့်တို့ အားလုံးရှက်တတ်ကြသည်။ အနည်းဆုံး ယခင်က မတွေ့ ဖူးသည့် လူစိမ်းတစ်ယောက်ယောက်နှင့် တွေ့ဆုံပြောဆိုသည့်အခါ၌ လည်းကောင်း၊ အများပြည်သူရှေ့တွင် ပထမဆုံးအကြိမ် ပြောဆိုသည့်အခါ၌ လည်းကောင်း ရှက်တတ်ကြသည်။
ထိုအရှက်အကြောက်ကို ဖယ်ရှားရန်အတွက် အကောင်းဆုံးနည်း လမ်းမှာ မိမိနှင့် စကားပြောဆိုနေသည့်သူသည်လည်း မိမိနှင့်အလားတူ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်သည့်သူဖြစ်ကြောင်း မိမိကိုယ်မိမိ သတိပေး နေရန်ပင်ဖြစ်သည်။ ဤစကားသည် ဟောင်းနွမ်းနေသည့် ဆိုရိုးစကားတစ်ခု ဖြစ်သည်။ သို့သော်လည်း ဆိုရိုးစကား အများစုကဲ့သို့ပင် မှန်ကန်နေဆဲဖြစ် သည်။ မှန်ကန်နေဆဲဖြစ်၍ပင် ဟောင်းနွမ်းနေသော ဆိုရိုးစကားတစ်ခု ဖြစ် လာခဲ့ခြင်းဖြစ်သည်။
ထိုဆိုရိုးစကားအရ ကျွန်တော်တို့အားလုံးသည် လူသားများဖြစ်ကြ သည်။ တက္ကသိုလ်မှ လေးဘွဲ့ ရ ပါမောက္ခတစ်ယောက်နှင့်လည်းကောင်း၊ တစ်နာရီလျှင် မိုင်တစ်သောင်းရှစ်ထောင်နှုန်းဖြင့် အာကာသထဲသို့ ပျံသန်းခဲ့ သည့် အာကာသယာဉ်မှူးတစ်ယောက်နှင့် လည်းကောင်း၊ မိမိပြည်နယ်၏ အုပ်ချုပ်ရေးအရာရှိအဖြစ် အရွေးချယ်ခံရသည့် သူနှင့်လည်းကောင်း စကား ပြောဆိုရသည့်အတွက် ရှက်စရာ၊ ကြောက်စရာ မလိုအပ်ပေ။
#ဆက်ရန်ရှိ
