7 ပတ် - ဘာသာပြန်ပါ။

၁ ခါအားဖြည့်ထားရင် နှစ်ပေါင်း ၁၀၀ မောင်းနှင်နိုင်တဲ့ Thorium ကား
========================================
Thorium ဟာ သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ ရေဒီယို သတ္တိကြွ ဒြပ်ထု ဖြစ်ပြီး စွမ်းအင် သိပ်သည်းဆ အံ့ဩစရာကောင်းလောက်အောင် များပါတယ်။ အဲဒီအတွက် Thorium နဲ့ မောင်းနှင်တဲ့ ကားအင်ဂျင်ကို Laser Power Systems က ဖန်တီးဖို့ကြိုးစားနေပါတယ်။ ကုမ္ပဏီက Thorium ကား ဟာ ၁ ခါအားဖြည့်ထားရင် နှစ်ပေါင်း ၁၀၀ မောင်းနှင်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ကုမ္ပဏီက Thorium ၈ ဂရမ်ဟာ ကားကို နှစ်ပေါင်း ၁၀၀ မောင်းနှင်နိုင်မယ်လို့ ပြောပါတယ်။
Thorium ၁ ဂရမ်ဟာ လောင်စာဆီ ၇,၃၉၆ ဂါလန်ထက် စွမ်းအင် ပိုမိုများပြားပါတယ်။ Thorium ဂရမ် အနည်းငယ်မှာ အလားတူ အရွယ်အစားရှိတဲ့ ကျောက်မီးသွေးထက် စွမ်းအင်ဟာ အဆ သန်း ၂၀ ပိုမို ပါဝင်ပါတယ်။ အဲဒီအတွက် Thorium ဟာ စွမ်းအင်ကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ သီအိုရီအရ Thorium ကားဟာ ၁ ခါအားဖြည့်ထားရင် မိုင် သန်းပေါင်းများစွာ မောင်းနှင်နိုင်ပါတယ်။
အကောင်းဆုံး အချက်က Thorium ဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ဖန်လုံအိမ်အာနိသင် ဓါတ်ငွေ့ ထုတ်လွှင့်မှု မရှိပါဘူး။ Thorium ကားသာ တကယ် ထွက်ပေါ်လာရင် လူသားတွေအတွက် များစွာ အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

image