သိမ်ငယ်ရတဲ့ရပ်ဝန်းတွေကို ရှောင်ပြီး
ကိုယ့်တန်ဖိုးသိတဲ့ရပ်ဝန်းမှာပဲ
ရှင်သန်တယ်
ခွင့်လွှတ်ဖို့သင်ယူထားသလို
စွန့်လွတ်ဖို့လည်း သင်ယူထားတယ်
အချစ်ကြီးသလို ပြတ်သားတဲ့
နေရာမှာလည်း
နှစ်ယောက်မရှိဘူး
အေးစက်စက် ဆက်ဆံရေးတွေကို
အလိုမရှိတဲ့အတွက်
အကုန်လုံးကို ကျောခိုင်းပစ်ဖို့
ဝန်မလေးဘူး
တစ်ကိုယ်ကောင်းဆန်တယ်လို့
ပြောချင်ပြောကြပါစေ
ကိုယ့်အတွက်သီးသန့်
ဖြစ်တည်လာတဲ့အရာမဟုတ်ရင်
သက်မဲ့ကအစ ဘာတစ်ခုမှ မလိုချင်ဘူး။
#ဗဟုသုတစာပေ
