" ငါတို့ကတစ်သက်လုံးအတူရှိလို့ရပါတယ်။
ဒါပေမယ့် အတူရှိနေရင်တောင်
အတူဖြစ်နေတော့မှာမဟုတ်ဘူး။
မီးရထားသံလမ်းတွေကို တွေ့တိုင်း
ငါ ဒါကိုပိုပိုနားလည်လာခဲ့တယ်။
ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင်
ပုံဖော်လို့မရတဲ့ မနီးစပ်ခြင်းမျိုးကို
ငါတို့ရရှိခဲ့ကြပါတယ် ။
နောက်တော့လည်း
တွေ့ဆုံခြင်းဆိုတာဟာ အာကာသထဲက
ဥက္ကာခဲအချင်းချင်း တိုက်မိတဲ့
အခိုက်အတန့်တွေလိုမျိုးပဲလို့ခံစားမိလာတယ်။
ကမ္ဘာက အကျယ်ကြီး။
ငါတို့တွေ့ဖို့အတွက် အခွင့်အရေးက
အများကြီးမရှိ။ ဒါပေမယ့်
ငါတို့တွေ့ခဲ့ကြတယ်။ တစ်နည်းအားဖြင့်
ငါတို့တိုက်မိခဲ့ကြတယ်။ ပြီးတော့
အပွန်းအပဲ့ကိုယ်စီနဲ့ ကိုယ့်လမ်းကို
ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့ "
▪️ဆပ်ရိပ်▪️
