7 ပတ် - ဘာသာပြန်ပါ။

" ရယ်စရာပါပဲ
ငါတို့ လူငယ်ဘဝတစ်ခုလုံး
အချစ်နဲ့ပတ်သက်ပြီး
ဘဲဥ အစရှာမရ ဖြစ်ခဲ့တာ
အဲဒီတုန်းက ဘယ်သူမှအိမ်ကိုစွန့်ပြီး
ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့
မစဉ်းစားကြဘူး
ငါတို့လည်း ဘယ်ရောက်ရောက်
ဇာတိမြေရဲ့ မြေသင်းနံ့ကို ဂုဏ်ဖော်နေမိရဲ့
အမေတွေကတော့
မုန်တိုင်းကြီးထဲသူတို့ လှန်းခဲ့တဲ့
အဝတ်တွေကို ထွက်ရုတ်ဦးမှာပဲ
ကြည်နူးမယ်ဆိုလည်း
ကြည်နူးစရာပေါ့
ဒီလို ဗရုတ်ဗရက်ကာလထဲ
ငါတို့ အသက်ဆက်ရှင်နေတာ ။
▪️အောင်ခင်မြင့်▪️
(ဇာတိမြေအတွက်ဆွန်းနက်/မှ)

image