Dark လိုမျိုး လူကိုရူးအောင်လုပ်မဲ့ Series မျိုးကြိုက်တယ်ဆိုရင် 1899 လည်း ကြိုက်မယ်လို့ ထင်တယ်၊ 2022 ကထွက်တာပြီး Netflix ကထွက်ပေမဲ့ အနောက်တိုင်း Series တွေလောက်အရမ်း Marketing မလုပ်ခဲ့တာကြောင့်ရော ကြည့်တဲ့သူက အရေတွက်နဲ့ပြန်ချိန်ရင် fail တာကြောင့် Season 2 မထွက်ဖို့ Netflix က cancel ခဲ့တယ်။ ဒါပေမဲ့ တကယ်ပဲ 1899 ကဆိုးနေလား သူတို့ Failed တယ်လို့အောင်ရအောင်ကို series ကစုတ်ပျက်နေလားဆိုတာ နည်းနည်းပြောပြချင်ပါတယ်၊ ဒီ Post ရဲ့ အဓိက ရည်ရွယ်ချက်က Failed တယ်ဆိုတာနဲ့ပတ်သက်ပြီး ဘာကိုအဓိကဆိုလိုတာလဲဆိုတာ ပြောချင်တာပါ။

Series က Time Travel မဟုတ် Multiverse မဟုတ်ပေမဲ့ တော်တော်လေးကြည့်လို့ကောင်းပြီး အဆုံးရောက်မှ ကြည့်တဲ့သူကိုယ်တိုင်အဖြေပေါ်တဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းထဲပါဝင်တဲ့သူတိုင်းက Simulation ထဲရောက်နေကြတာဖြစ်ပြီး ဒိအဖြစ်အပျက်ကို ခနခနအမြဲတန်းပြန်ဖြစ်နေကြတာပါ။ ဒီလို Simulation ကိုမင်းသမီးကဖန်တီးထားတာဖြစ်ပြီး သူကိုယ်တိုင်တောင် သူဖန်တီးထားမှန်းမသိဖြစ်နေတာ။ အဲ့အပြင်ကို ဒီ Simulation ထဲကဘယ်သူမှကလည်းထွက်လို့မရတဲ့အပြင် အခြား Simulation movies တွေနဲ့မတူတာက Simulation ရဲ့ Code ကို ဒီ Simulation ထဲပါနေတဲ့သူက အဲ့ဒီ Simulation ထဲမှာပဲပြန်ပြင်နိုင်တာပါ။ ဒါကလည်း မင်းသမီးရဲ့ ကောင်လေးကပဲလုပ်ပေးခဲ့ပြီး သူ့ကောင်မလေးကို Simulation ထဲကထုတ်ပေးခဲ့ပါတယ်၊ ပြောရရင် dark လောက်မမိုက်ပေမဲ့ Dark level လောက်ကိုမိုက်တယ်လို့ပြောလို့ရတဲ့ series လို့ပြောလို့ရတယ်၊ Plot တစ်ခုလုံးကလည်းဟာကွက်မရှိသလို တော်တော်လေးလည်း မိုက်တယ်အဲ့တော့ ဒီ Series က ဘာလို့ failed ပြီး Cancel ရသလဲ

Series Cost က 165 Million ရှိပြီး Netflix အနေနဲ့ပြန်ရတဲ့ Viewrship ကထင်သလောက်မကောင်းတာကြောင့်လို့ပြောတယ်။ အဲ့တော့ Viewership မကောင်းဘူးဆိုတော့ Plot ကစုတ်နေလို့လားဆိုတော့ မဟုတ်ဘူး၊ 1899 ကအခြား series တွေထက်ပိုကောင်းတယ်။ အဓိက လူကြည့်နည်းရတဲ့အကြောင်းရင်းက German Series ဖြစ်တာရယ် 100% German တော့မဟုတ်ပေမဲ့ German series လို့ပြောလို့ရတယ်။နောက်တစ်ချက်က Marketing ပိုင်းအားနည်းတာကြောင့်လို့လည်းမြင်တယ်၊ marketing အားနည်းတော့လူကြည့်နည်းသွားတယ်လို့မြင်တယ် အဲ့တာကြောင့်လည်း Netflix က failed တယ်လို့မြင်ပြီး Cancel ခဲ့တာဖြစ်နိုင်တယ်။ Viewership ကဘယ်လောက်အရေးပါလဲဆိုရင် Fast & Furious ပဲကြည့်။ Netflix သာ 1899 ကိုသေချာလေးအလေးပေးကိုင်ခဲ့မယ်ဆိုရင် သူလည်း Dark လောက်ကိုကောင်းမယ်လို့ထင်တယ်၊ ဒါပေမဲ့လည်း Cancel လိုက်တာတော့ ဝမ်းနည်းစရာပဲ နောက်တစ်ချက်က Studio နဲ့လည်းဆိုင်တယ်။ Marvel အနေနဲ့ SheHulk ဘယ်လောက် failed failed Captain America Brave new world ဘယ်လောက် failed failed ဆက်ရိုက်နေနိုင်တာက သူတို့အနေနဲ့ money လုံလုံလောက်လောက်ရှိတာရယ် သူတို့အနေနဲ့ Story ကအများကြီးရှိသေးတော့ တစ်ခု နှစ်ခု Failed တာလောက်က ပေးကျွေးလိုက်တဲ့ သဘောဖြစ်နေပြီး 1899 လို Series ကျတော့ Plot ကောင်းနေတာတောင် ကြည့်တဲ့သူနည်းနေတာရယ် အခြား Story ထက်မရှိတာရယ်ကြောင့် ရပ်လိုက်တာလို့မြင်တယ်။

image