7 ပတ် - ဘာသာပြန်ပါ။

အချိန် ရဲ့အပြင်ဘက်မှာ ရှိရင် ဘာဖြစ်မလဲ Marvel မှာနောက်ပိုင်းထွက်လာမဲ့ Characters တွေက အချိန်နဲ့ပတ်သက်မဲ့ကောင်တွေများတယ်။ တကယ်လို့ Kang ပြန်လာရင်သူက အချိန်နဲ့ပတ်သက်တဲ့သူမျိုး အခု Doom ကလည်း အချိန်ဆိုတဲ့အရာနဲ့ဆိုင်တဲ့ Villain ဆိုတော့ အချိန်ရဲ့အပြင်ဘက် Outside of Time မှာဘာရှိလဲ OOT မှာရှိရင် ဘာလုပ်လို့ရလဲ ဆိုတာ ရှာတွေ့သလောက်ပြောပေးပါမယ်။
ပထမဆုံး ကျနော်တို့ သာမန် Heros တွေ လူတွေ က Physical Law တွေနဲ့အတူနေထိုင်ကြပြီး ကျနော်တို့က 3rd Dimensional Beings တွေလို့ပြောလို့ရပါတယ် ပြောရရင် လူတွေက 3rd Dimension အပြင်ဘက်မှာရှိနေတာလို့အလွယ်ပြောလို့ရပါတယ်။ အဲ့တာကြောင့် 3rd Dimension ဖြစ်တဲ့ Length,Width နဲ့ Height ကိုထိန်းချုပ်နိုင်ကြပါတယ်။ ဘယ်အရာကိုမဆို 3rd Dimension အပေါ်မှုတည်ပြီး ဖန်တီးတည်ဆောက်နိုင်ကြပါတယ်၊ ဒါပေမဲ့ 4th Dimension ဖြစ်တဲ့ Time ကိုတော့မထိန်းချုပ်နိုင်ပါဘူး အဲ့တာကြောင့် ကျနော်တို့က မျဥ်ဖြောင့်လို့ခေါ်တဲ့ အချိန်လာရာ အတိုင်းအရှေ့ကိုသွားနေကြပါတယ်။ အချိန်ရဲ့လက်အောက်ကိုရောက်လာတဲ့အခါ သူ့ရဲ့ Physical Law တွေကိုခံရပါတယ်(ဥပမာ အချိန်ထဲမှာကြာလာတဲ့အခါ သက်တန်းဆိုတဲ့ ဆိုးကျိုးကိုခံရတာမျိုးပါ) အဲ့တော့ ဒီ 4th Dimension ဖြစ်တဲ့ time ကဘယ်လို အရာမျိုးလဲဆိုတာ လက်ရှိ ကျနော်တို့ မှာရှိနေတဲ့ Science အရတော့မသိကြသေးပေမဲ့ Movies တွေထဲမှာတော့ အမျိုးမျိုးဖော်ပြကြပါတယ်။ တကယ်လို့လူသားတွေသာ 4th Dimensional Being တွေဖြစ်လာတဲ့အခါ အချိန်ဆိုတဲ့အရာကိုထိန်းချုပ်နိုင်ကြဦးမှာပါ။(ဥပမာ Interstellar ထဲကလိုပါ Interstellar ထဲမှာတော့ အနာဂတ်လူသားတွေဟာ အချိန်ကိုထိန်းချုပ်နိုင် သိမြင်နိုင်ကြပေမဲ့ အတိတ်ကိုဆက်သွယ်တဲ့အခါ လက်ရှိနည်းပညာ အားနည်းသေးတဲ့လူသားတွေရဲ့ Physical Law ကိန်းသေ တစ်ခုဖြစ်တဲ့ Gravity ကိုသုံးပြီးဆက်သွယ်ကြပါတယ်။)
Marvel မှာတော့ အချိန်ရဲ့အပြင်ဘက်မှာရှိနေတဲ့ Characters တွေရှိပါတယ်။ အဲ့လိုပဲ အချိန်ရဲ့ Effect မသက်ရောက်တဲ့နေရာတွေလည်းရှိပါတယ်။ TVA , The Void ( From Loki ) , Nexus Of all Reality ( Watcher Realms) တို့က Time ရဲ့အပြင်ဘက်မှာရှိနေတဲ့နေရာတွေပါ အဲ့နေရာမှာနေတဲ့သူကလည်း အချိန်ရဲ့သက်ရောက်မှုမရှိပါဘူး။ marvel မှာ အချိန်ဆိုတဲ့အရာကို Timeline အချိန်စီးကြောင်းအနေနဲ့ဖော်ပြထားပါတယ်။ အဲ့အချိန်စီးကြောင်းထဲမှာ အတိတ်အနာဂတ် အကုန်ဖြစ်နေကြတာပါ။ ပြောရရင် 3rd Dimensional Beings တွေနေတဲ့နေရာလို့အလွယ်ပြောရမှာပါ။ အဲ့တာကြောင့် အချိန်အပြင်ဘက်မှာရှိကြတဲ့ TVA တို့ The Void တို့ကနေ Timeline ထဲဝင်တဲ့အခါ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်ကိုသွားနိုင်ကြတာပါ။ (နည်းပညာတော့လိုတာပေါ့ မလိုတဲ့ Beings တွေလည်းရှိကြပါတယ် နောက် post တစ်ခုမှာသူတို့အကြောင်းကိုပြောပြပါမယ်)
Marvel မှာအချိန် ရဲ့အပြင်မှာရှိတဲ့အခါ လက်ရှိမြင်ရသလောက် Characters တွေက အချိန်ရဲ့အကျိူးဆက် ကိုမခံရပါဘူး( ဥပမာ He who remains ဆိုရင် အသက်မကြီးသလို အချိန်ကိုသူကြိုက်တဲ့အတိုင်းပြောင်းလဲနိုင်ပါတယ်။ ) အထူးသဖြင့် အချိန်ကိုထိန်းနိုင်သလို 3rd Dimensional Beings တွေဖြစ်တဲ့ သာမန်လူတွေထက်လည်းပိုစွမ်းပါတယ်၊ ဒါပေမဲ့ ဒီမှာ နေရာနဲ့ နည်းပညာကြောင့် အချိန်အပြင်ဘက်မှာရှိနေတာနဲ့ မွေးကတည်းက အချိန်ရဲ့အပြင်ဘက်မှာမွေးလာတဲ့သူဆိုပြီးခွဲထုတ်လို့ရပါတယ်။ အခု Post ကအချိန်အပြင်ဘက်မှာရှိနေရင်ဘာဖြစ်မလဲကိုပြောနေတာဖြစ်လို့ ဒီအကြောင်းရာကိုပဲဆက်ပြောပါမယ်။ Time ရဲ့အပြင်ဘက်မှာရှိနေတဲ့အခါ 3rd Dimension ဖြစ်တဲ့ Width Height နဲ့ Length ကိုစိတ်ကြိုက်ဖန်တီးနိုင်သလို သူတို့ရဲ့ဖြစ်တည်မှုကို လက်ခံထားတဲ့ အချိန်ဆိုတဲ့ အရာကိုလည်းစိတ်ကြိုက်ထိန်းချုပ်နိုင်ပါတယ်။ အဲ့တာကြောင့် Timeline ရဲ့သက်ရောက်မှုခံရပြီး ရှေ့ကိုပဲဆက်သွားနေရတဲ့သာမန်သူတွေထက် Time ဆိုတဲ့အပြင်ဘက်မှာရှိနေတဲ့အခါ အရာအားလုံးက သူ့အလိုကျရှင်သန်နေရတဲ့သဘောဖြစ်သွားတာပါ။ ပြောရရင်တော့ 3rd Dimension မှာရှိနေတဲ့အရာတွေကိုထိန်းချုပ်ဖို့ Unlimited Power ရသွားတဲ့သဘောပါပဲ ဥပမာ Loki ပဲကြည့် ဘယ်အရာကိုအဆိုသူကြိုက်သလို ပြောင်းလဲနိုင်ပါတယ်။ Outside of Time & Reality မှာရှိနေလို့ပါပဲ

image