" အချစ်ရယ်၊ အရက်ရယ်၊
လောင်းကစားရယ်ဟာ
တော်တော်ကလေး တူညီကြသည် ။
စွဲစေတတ်တဲ့အရာတွေ ချည်းပဲ ။
အစပိုင်းမှာ ဟုတ်မလိုလိုနဲ့
နောက်တော့မှ
လှိမ့်ခံရတဲ့နေရာမှာလည်း ဘာထူးလဲ။
အစမလုပ်ဘဲနေခဲ့မိရင်
အကောင်းသားလို့
နောင်တရမိတတ်တဲ့နေရာမှာလည်း
တစ်ထေရာတည်းပဲ။
ဖြတ်မယ်၊ ဖြတ်မယ်နဲ့
ကြွေးကြော်ရင်းကပဲ
လစ်မစ်တွေ တိုးတိုးလာတဲ့နေရာမှာရော "
▪️မင်းလူ (အော်ဆွေး/မှ)
