7 w - Translate

Apocalypse Now (1979)

အမေရိကန်တွေနဲ့ ဗီယက်နမ်တွေကြားက အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီးပြသွားတယ်။ စစ်ပွဲတစ်ပွဲစပြီဆိုတာနဲ့ လူတွေဟာ လူတွေလို လူသားဆန်မှုတွေပျောက်ဆုံးကုန်တယ်၊လူသားစံနှုန်းတွေပျောက်ဆုံးကုန်ပြီး တစ်ဖက်နဲ့တစ်ဖက်တိရိစ္ဆာန်တွေလို သတ်ကုန်ကြတော့တယ်၊အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့ ဘာမှမခက်ပါဘူး။ခက်နေတာက လုပ်ချင်သလိုလုပ်ရင်ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်ငံရေးမှာ တစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။ ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကို အထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီလို အမိန့်ဖီဆန်ပြီးတောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ်နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်ကဒီလောက်ပါပဲ။

image