7 w - Translate

1028. Beauty And The Beast (2017) 👈

မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို ရဲတိုက်ကို လိုက်လာပါတယ်။ အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တိုလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ?

image