7 ပတ် - ဘာသာပြန်ပါ။

ညက အယ်လ်နာဆာတို့ အီရန်မှာ အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို သွားကစားခဲ့ရပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒို လိုက်ပါသွားခြင်းမရှိဘဲ ဆော်ဒီမှာသာ နေခဲ့တာပါ။ ၂၀၂၃ က ဖြစ်ရပ်တခုကြောင့် သူ နေခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၃ တုန်းကလည်း အယ်လ်နာဆာဟာ အဲဒီအသင်းနဲ့ပဲ သွားကစားခဲ့ရတာပါ။ ရော်နယ်ဒိုလိုက်ပါသွားခဲ့ပြီး အီရန်မှာ နာမည်ကြီးနေတဲ့ ခြေထောက်နဲ့ပန်းချီဆွဲသူ မသန်စွမ်းအမျိုးသမီးငယ်တဦးကို သူ တွေ့ဆုံပေးခဲ့ပါတယ်။ လက်ဆောင်တွေချင်းအပြန်အလှန် ပေးခဲ့ပြီး ရော်နယ်ဒိုက ပွေ့ဖက်ပေးကာ ခေါင်းကိုလည်း နမ်းရှုံ့ခဲ့ပါတယ်။

အီရန်မှာ ကိုယ်နဲ့လက်ထပ်ထားတဲ့ အမျိုးသမီးမဟုတ်ရင် အဲလိုမျိုးလုပ်တာက ထောင်ဒဏ်နဲ့ ကြိမ်ဒဏ် ချမှတ်လို့ရတဲ့ ဥပဒေပြဌာန်းထားတာပါ။ ရော်နယ်ဒိုအပေါ်ဝေဖန်မှုတွေ၊ တရားစွဲမယ်ဆိုပြီး အသံတွေပါ ထွက်ခဲ့ပါသေးတယ်။ တကယ်တော့ဖြစ်မလာသလို အီရန်အစိုးရကလည်း အရေးယူမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အခုတခါတော့ အလားတူဖြစ်ရပ်တွေ မဖြစ်အောင် ရော်နယ်ဒိုက ကြိုရှောင်လိုက်ပုံရပါတယ်။

image