အကြင်သူသည် တဲ့
ဖတ်နေရင်းနဲ့ကို မျက်ရည်တောင်ကျခဲ့ရတယ် ။
ကိုယ့်ချစ်ရတဲ့သူက ခန္ဓာသည် ဖြစ်နေတာတောင်
ကာကွယ်ပေးလိုမှု အပြည့်နဲ့ နောက်ဆုံးထွက်သက်အထိ စောင့်ရှောက်ပေးခဲ့တဲ့ အမျိုးသား ။
သူဌေးလေးဘဝကနေ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကုန်ဆုံးသွားသည်အထိ မငြိုငြင်ရက်စွာ ချစ်ပေးခဲ့တဲ့အမျိုးသား ။
ပုရိသယောက်ျားတို့ တဏှာရာဂကြောင့်သာ ပတ်သက်ခဲ့တဲ့သူမကို မြတ်နိုးလွန်းလို့ လက်ဖျားလေးနဲ့တောင်
မတို့ထိရက်ပဲ ကာကွယ်ပေးခဲ့တဲ့ အမျိုးသား ။
ထိုသူက သူဌေးလေးနန်းနွယ် ဟုခေါ်သော အကြင်သူသည်
ဖတ်ကြည့်ပါ အမျိုးသမီး / အမျိုးသားတို့ ။
အချစ်ဆိုတာ ခန္ဓာကို ပူလောင်စေတဲ့ ရာဂမီးတွေနဲ့
လုံးလုံးမပတ်သက်ကြောင်း /
အချစ်ဆိုတာ ကာကွယ်ပေးလို တစ်ခုဖြစ်ကြောင်း
နှောင်းလူတို့သိအောင် ပြောပြပါလိမ့်မယ် ၊
“ ကဗျာဆန်တာ မဟုတ်ပါဘူးကွယ် ။ လူသားဆန်တာပါ လူသားဆန်တာမှ အချစ်ကို အချစ်လို့ ရှိုင်းရှိုင်းနက်နက် ခံစားတတ်တဲ့ လူသားဆန်တာပါ ။ အေးလေ ငါ့လိုလူမျိုးက တစ်ခေတ်မှာတစ်ယောက်တောင် မပေါ်တတ်လေတော့ ဘယ်သူကိုမှ အပြစ်မဆိုချင်တော့ပါဘူး ။
ခက်တော့လည်း ခက်သားလား...
အချစ်ဆိုတာမျိုးက
ခန္ဓာကို ပူလောင်စေတဲ့ ရာဂမီးတွေနဲ့
လုံးလုံးမပက်သတ်ကြောင်း
အချစ်ကို တလေးတစား တန်ဖိုးထားသူ
အချို့တလေကပဲ
သိနိုင်တတ်ကြတာပဲလေ.... ”
#အကြင်သူသည် #သိုးဆောင်း
