ဘယ်သူအရေးကြီးဆုံးလဲ
===================
တစ်ခါက လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေက သူတို့ဟာ ဒီခန္ဓာကြီးအတွက်အရေးကြီးသူဖြစ်ကြောင်း သူ့ထက်ငါ အပြိုင်အဆိုင် ဂုဏ်ဖေါ်ကြတတယ်တဲ့
ဦးနှောက်က -ကျုပ်က ခန္ဓာကိုတစ်ခုလုံးကို စီမံရတဲ့သူ ဒီတော့ ကျုပ်က အရေးကြီးဆုံးတဲ့။
ပါးစပ်ကလည်း - ကျုပ်ကအစားတွေစားပေးနေလို ဒီခန္ဓာကြီးအသက်ဆက်ရှင်ရပ်တည်နေတာဗျ ကျုပ်ကပိုအရေးကြီးတယ်တဲ့။
မျက်စေ့ကလည်း - ကျုပ်မရှိရင် ခများတို့ဘာမှမြင်နိုင်မှာမဟုတ်ဘူးအရာရာဒုက္ခရောက်ကုန်မှာတဲ့။
ဒီလိုနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများဟာ သူ့တို့သည် ဒီခန္ဓာကိုယ်ကြီးအတွက်အရေးကြီးသူဖြစ်ကြောင်း မိမိဂုဏ်တွေဖေါ်ပြောနေကြသတဲ့။
ထိုအချိန် ဖင်ကလည်း သူလည်း ဒီခန္ဓာကိုယ်ကြီးအတွက် အရေးကြီးသူတစ်ယောက်ဖြစ်ကြောင်း ဝင်ပြောတာပေါ့။
အဲ့ဒီတော့ ကျန်အစိတ်အပိုင်းတွေက ဝိုင်းဟားကြတယ်တဲ့ သွားစမ်းပါကွာ ရွံစရာကောင် ဒီဘက်မလာနဲ့ ဘာညာနဲ့ ဝိုင်းလှောင်ပြောင်ကြတယ်တဲ့။
အဲ့ဒီမှာ ဖင်လည် ရှက်ရွံ့စိတ်တိုသွားပြီး အေးတွေ့ကြတာပေါ့ကွာဆိုပြီး သူ့အလုပ်ကို ၂ ပါတ်လောက် မလုပ်ပဲ ဆန္ဒပြလိုက်ပါရောတဲ့။
အဲ့ဒီမှာ အရေးကြီးပါတယ်ဆိုတဲ့ဆရာကြီး ဦးနှောက်လဲ ကြောင်တောင်တောင်လွတ်တွတ်တွတ်တွေဖြစ် မျက်စေ့လဲ အပူတွေကန်ပြီး မျက်ချေးတွေထွက် မှုန်ဝါးဝါးတွေဖြစ် ပါးစပ်လည်း သွားတွေနဲ့ အပူတွေကန်ပြီး လျှာတွေထုံ အရသာတွေပြောက်နဲ့ အကုန်တိုင်ပတ်ကုန်ရောတဲ့။
အဲ့ဒီအချိန်ကျတော့မှ ဟ မဖြစ်တော့ဘူး ဒို့ ဖင်ကိုပြန်တောင်းပန်မှဖြစ်တော့မယ်ဆိုပြီး ကိုဖင်ရေ ဟုတ်ပါတယ်ဗျာ ဒီခန္ဓာကိုယ်ကြီးအတွက် မရှိမဖြစ်အရေးကြီးဆုံးပုဂ္ဂိုလ်ဟာ ခများပါပဲဗျာ ဒီတော့ ခများအလုပ်လေးပြန်လုပ်ပေးပါနော်ဆိုပြီး ဝိုင်းတောင်းပန်ကြရတော့သတဲ့။
အဲ့ဒီတော့မှ ဖင်ကသူ့အလုပ်သူပြန်လုပ်တော့ခန္ဓာကိုယ်ကြီးလည်း ပုံမှန်ပြန်ဖြစ်သွားတော့သတဲ့ဗျာ။
=================================
ပြောချင်တာက ဝမ်းမှန်ရင် ဦးနှောက်ကြည် မျက်စေ့ရှင်း အပူကင်းပြီး စားကောင်းသောက်ကောင်း အိပ်ကောင်းပါမယ်၊ ဝမ်းကောင်းဖို့အရေးကြီးပါတယ်။
လူတွေက စားဖို့သာ ဘယ်လိုကောင်းတဲ့ဟာကိုစားမယ် ဘယ်လိုဟာ သောက်မယ် စသဖြင့်တွေးတောတတ်ကြပေမယ့် ဝမ်းကိစ္စကိုကြတော့မေ့ထားတတ်ကြတယ်။
ဒါကြောင့် ကျန်းမာ လန်းဆန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုလျှင် ဝမ်းကောင်းဖို့ကိုလဲ အရေးယူထည့်တွေးဖို့လိုပါကြောင်း။
T-26(10-9-2024)
#crd

image