7 w - Translate

ယူကရိန်းနိုင်ငံရဲ့ မြေအောက်ထဲမှာ ဝှက်ထားတဲ့ ရတနာသိုက်ကြီးများ
ယူကရိန်းနိုင်ငံဟာ ဥရောပရဲ့ ဒုတိယဧရိယာအကြီးဆုံးနိုင်ငံဖြစ်ပြီး သဘာဝအရင်းအမြစ်တွေ အလွန်ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
အထူးသဖြင့် မြေရှားသတ္တုတွေဟာ ယူကရိန်းနိုင်ငံရဲ့ မြေအောက်မှာ အများအပြားရှိနေတာကြောင့် ကမ္ဘာ့အာရုံစိုက်မှုကို ရရှိနေပါတယ်။
မြေရှားသတ္တုတွေဆိုတာကတော့ ခေတ်မီနည်းပညာတွေမှာ အသုံးပြုတဲ့ အရေးကြီးတဲ့ သတ္တုတွေဖြစ်ပါတယ်။
စမတ်ဖုန်းတွေ၊ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ်တာဘိုင်တွေနဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေ ထုတ်လုပ်တဲ့နေရာမှာ မရှိမဖြစ်ပါဝင်နေပါတယ်။ ဒါကြောင့် ဒီသတ္တုတွေကို ကမ္ဘာ့နိုင်ငံတွေက အပြိုင်အဆိုင် လိုချင်နေကြတာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံမှာ နီယိုဘီယမ်၊ လစ်သီယမ်၊ တန်တလမ်နဲ့ ဇာကွန်နီယမ်စတဲ့ မြေရှားသတ္တုတွေ အများအပြားရှိပါတယ်။
ဒီသတ္တုတွေဟာ ကမ္ဘာ့ဈေးကွက်မှာ ဈေးကောင်းရတဲ့ သတ္တုတွေဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းဒေသတွေမှာ ဒီသတ္တုတွေ အများဆုံးတွေ့ရပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ယူကရိန်းနိုင်ငံဟာ စစ်ပွဲကြောင့် အခက်အခဲတွေ အများကြီး ကြုံတွေ့နေရပါတယ်။
စစ်ပွဲကြောင့် သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်နေရသလို ယူကရိန်းရဲ့ မြေရှားသတ္တုသိုက်အချို့ ဟာလည်း ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေပါတယ်။ ဒါကြောင့် ယူကရိန်းနိုင်ငံရဲ့ မြေရှားသတ္တုတွေကို အပြည့်အဝ အသုံးချဖို့ဆိုတာ မလွယ်ကူသေးပါဘူး။
စစ်ပွဲပြီးသွားရင်တော့ ယူကရိန်းနိုင်ငံဟာ ဒီမြေရှားသတ္တုတွေကို အသုံးချပြီး စီးပွားရေးကို ပြန်လည်တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ဒါကြောင့် ယူကရိန်းနိုင်ငံရဲ့ မြေရှားသတ္တုတွေဟာ အနာဂတ်မှာ ကမ္ဘာ့စီးပွားရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လာနိုင်တယ် လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
#thuta City
#crd

image