7 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼မဲဆောက်ရှိရွှေဆိုင်တစ်ဆိုင် ထိုင်းဘတ် ၄ ဒသမ ၇ သန်းတန်ဖိုးရှိ ရွှေဆွဲကြိုးများလုယက်ခံရ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အမည်မသိအမျိုးသားတစ်ဦးက ရွှေဆိုင်တစ်ဆိုင်မှ ထိုင်းဘတ် ၄ ဒသမ ၇ သန်းတန်ဖိုးရှိရွှေဆွဲကြိုးများ လုယက်သွားခဲ့ကြောင်း Bangkok Post သတင်းဌာနက ယမန်နေ့(မတ် ၃ ရက်) တွင် ဖော်ပြသည်။
မတ် ၂ ရက်ည ၇ နာရီခန့်တွင် မဲဆောက်ခရိုင် Lotus စျေးဝယ်စင်တာရှိ Orasa 5 ရွှေဆိုင် ထဲသို့ အမျိုးသားတစ်ဦးဆိုင်ကယ်ဦးထုပ်ဆောင်ကာ သေနတ်တစ်လက်ဖြင့် ဝင်ရောက်လာပြီး ဘတ် ၄ ဒသမ ၇ သန်းတန်ဖိုးရှိ ရွှေဆွဲကြိုးများ လုယူသွားခဲ့ကြောင်း အဆိုပါသတင်းဌာန ဖော်ပြချက်အရ သိရသည်။
အဆိုပါရွှေဆွဲကြိုးများကို လုယက်သွားသူအမျိုးသားသည် အသက်(၃၀) ဝန်းကျင်အရွယ်ရှိပြီး အရပ် ၅ ပေ ၆ လက်မခန့်ရှိကြောင်း၊ ရွှေဆိုင်ဝန်ထမ်းများကိုသေနတ်ပြကာ ရွှေဆွဲကြိုးများယူပြီးနောက် ပြန်လည်ထွက်သွားခဲ့ကြောင်း CCTV မှတ်တမ်းများအရ သိရသည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က မဲဆောက်မြို့၌ စုံစမ်းစစ်ဆေးမှုများတင်းကြပ်စွာပြုလုပ်လျက်ရှိ သောကြောင့် မဲဆောက်မြို့အတွင်းနေထိုင်သည့် မြန်မာနိုင်ငံသားများ သတိပြုသွားလာကြရန် ထိုင်းရောက်မြန်မာများက လူမှုကွန်ရက်တွင်ရေးသားပြောဆိုထားကြသည်။
သတင်း- နေသစ်ဦး

image