1027. The 5th Wave (2016) 👈
2016 ထွက် Action, Adventure ဇာတ်ကားခပ်လန်းလန်းလေးတစ်ကားကို ဒီနေ့အတွက်တင်ပေးချင်ပါတယ်။ 2016 Janauary လကုန်ပိုင်းမှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ . လောလောဆယ် IMDb rating 5.3/10 ထိပဲရရှိထားပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေဟာ အရမ်းကိုစိတ်ဝင်စာဖိုကောင်းပြီး Adventure Movie တွေကို ကြိုက်နှစ်သက်တဲ့ပရိတ်သက်တွေအတွက်တော့ လက်မလွှတ်တမ်းကြည့်ရှု ချင်မယ့်ဇာတ်ကားကောင်းတစ်ကားလိုပြောချင်ပါတယ်။ ဒီဇာတ်လမ်းအကြောင်းကိုအနည်းငယ်ပြောပြရရင်တော့ ဇာတ်ကားရဲ့နာမည်အတိုင်းပဲ တစ်ခြားကမ္ဘာက ဂြိုလ်သားကပ်ပါးကောင်တွေဟာ ကမ္ဘာကိုဒုက္ခပေးမယ့် အစီအစဉ်အကြိမ်အရေအတွက် (5) ခုထိစီစဉ်ထား ပါတယ်။ ရောဂါvirusတွေနဲ့ 4th waveကို အကောင်အထည်ဖော်ပြီးချိန်မှာ လူသားမျိုးနွယ်တွေဟာမျိုးတုန်းလုနီးပါးဖြစ်ခဲ့ပြီး အသက်မသေဘဲကျန်ရစ်သူတွေဟာမိမိတိုရဲ့ ကိုယ်ပိုင်အိမ်မြေတွေကို စွန့်လွှတ်ခဲ့ပြီး ဒုက္ခသည်စခန်းကို ထွက်ပြေးခိုလှုခဲ့ရပါတယ်။
အဲ့ဒီထွက်ပြေးတဲ့အထဲမှာ မင်းသမီးကေစီတိုမိသားစုလည်းပါဝင်ခဲ့ပါတယ်။ ကေစီရဲ့အမေဟာဒေါက်တာတစ်ယောက်ဖြစ်ပြီး 4th waveမှာviursကူးစပ်ခံရတဲ့လူနာတွေကိုကယ်တင်ရင်းသူမကိုယ်တိုင် ကူးစပ်ခံရကာသေဆုံးခဲ့ရတယ်။ နောက်ဆုံး ကေစီရဲ့အဖေနဲ့ မောင်လေးသာဒုက္ခသည်စခန်းကိုရောက်ရှိခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်စစ်တပ်ကကားတွေနဲ့လာရောက်ကယ်တင်တဲ့အခါ ကလေးတွေနဲ့လူကြီးတွေကို ခွဲခြားသယ်ဆောင်ခေါ်ယူခဲ့ပြီး ကေစီဟာ သူ့မောင်လေးနဲ့ဖခင်တိုနဲ့ ဝေးကွာခဲ့ပါတယ်။
အဆိုးဆုံးဖြစ်ရပ်က 5th waveဟာအဲ့မှာစတင်ခဲ့တာပါပဲ . ဂြိုလ်သားတွေဟာလူတွေရဲ့ဦးနှောက်ထဲကိုဝင်နေခဲ့ပြီး လူတွေအတိုင်းအသက်ရှင်နေထိုင်ပြီး လူသားတွေကိုအမျိုးဖြုတ်ပါတော့တယ်။ စစ်တပ်တစ်ခုလုံးကို သိမ်းဆည်းခဲ့ပြီး လူသားချင်းပြန်လည်သတ်ဖြတ်ဖိုကို လှည့်စားမှုဟာသိပ်ကိုကြောက်ဖိုကောင်းပါတယ်။ ဇာတ်လမ်းကိုကြည့်လိုက်ရင်အခုထက်ကိုပိုမိုကောင်းမွန်ပြီး မထတမ်းကြည့်ရှုမိမယ့် ဇာတ်လမ်းဆိုတာ ပြောချင်ပါတယ်။ အော် . ဒါ
