7 ပတ် - ဘာသာပြန်ပါ။

စိန်အလုံးပေါင်း၅၄၄၈ လုံး၊ ရွှေချပ် တန်ချိန် ၆၀ နဲ့ ကပ်လှူ ပူဇော်ထားတဲ့ ရွှေတိဂုံစေတီတော်မြတ် 🙏🙏🙏
ရွှေတိဂုံစေတီတော်ကို တန်ဘိုးမဖြတ်နိုင်တဲ့ ပတ္တမြား လုံး ချောပေါင်း ၂၃၁၇ လုံး ရွှေတုံး ရွှေပြားများ မရေတွက်နိုင်တဲ့ ကျောက်မျက်ရတနာများနဲ့ ဘုရင်မင်းအဆက်ဆက် ခေတ်အဆက် မွမ်းမံတည်ထား လှူဒါန်းပူဇော်ထားပါတယ်။
၂၀၁၃ ဧပြီလ စာရင်းအရ ၃၂၆ ပေ မြင့်တဲ့ ရွှေတိဂုံစေတီတော်ရဲ့ လုံးပတ်အား ရွှေချိန်ရွှေချပ် တန် ၆၀ နဲ့ ပတ် ပတ်လည် ၀က်အူစုတ် ထားတာပါ ပင်မ စေတီတော်ရဲ့ အောက်ပိုင်းကို ရွှေပြား ၈၆၈၈ ချပ်နဲ့ တည်ထားပြီး အလယ်ပိုင်းမှာတော့ ၁၃၁၅၃ ချပ် အထက်ပိုင်း မှာတော့ ရွှေစင် ရွှေချပ်တွေ အပြင် တန်ဖိုးကြီး စိန် အလုံးပေါင်း ၅၄၄၈ လုံး ( ၁၈၀၀ ကာရက် ) နဲ့ ပူဇော်ထားပါတယ်။
တန်ဘိုးမဖြတ်နိုင်တဲ့ ပတ္တမြား လုံး ချောပေါင်း ၂၃၁၇ လုံးမြောက်များစွာသော နီလာ မရေတွက်နိုင်သော ကျောက်စိမ်း လုံးချောများနဲ့ တစ်ခြားတန်ဘိုးကြီး ရတနာမြောက်များစွာဟာ လက်ရှိကာလမှာ တန်ဖိုးဖြတ်မရနိုင်အောင် တန်​ကြေးကြီးပါတယ်။
ရွှေခေါင်းလောင်းပေါင်း ၁၀၆၅ လုံး ( ခန့်မှန်းခြေ ရွှေတန်ချိန် တစ်၀က် ) နဲ့ ထီးတော်ကလည်း ရွှေတန်ချိန် တစ်၀က်ကျော်ရှိပါတယ် စိန်ဖူးတော် (၇၂) ကာရက်ရှိတဲ့ ကမ္ဘာ့ရှားပါး စိန်ကြီးဖြစ်ပါတယ်။
ဒါတွေက စေတီပြင်ပမှာရှိတဲ့ အရေအတွက်တွေပါ ရင်ပြင် ပတ်လည်က အရံစေတီတွေ ရုပ်ထုတော်တွေ မုခ်လေးမုခ်က အဆောက်အဦး ဌာပနာတွေ စာရင်းမပါသေးပါဘူး။
(စေတီအတွင်း ဌာပနာတိုက် လှိုဏ်ခေါင်းထဲက အဖိုးမဖြတ်နိုင်တဲ့ ရွှေသားအတိပြီး ရုပ်တုတွေနဲ့ စေတီအောက်ခြေ ဂူထဲက ရတနာတွေ၊ စေတီအောက်မှာ ပန္နက်ရိုက် ဖောင်ဒေးရှင်း ခင်းထားတဲ့ ရွှေချောင်းတွေ မပါသေးပါဘူး)
ရွှေတိဂုံဆံတော်ရှင်​စေတီ​တော်ကြီးမှာ ကမ္ဘာက သြချရတဲ့ ရွှေချပ်တွေနဲ့ တည်ထားတဲ့ အကြီးဆုံးစေတီတော်ကြီး ရှိတာကို ​နောင်လာနောက်သားများ သိရအောင် ​ဖော်ပြလိုက်ပါတယ်။

image