7 ပတ် - ဘာသာပြန်ပါ။

လှိင်ရတနာအိမ်ရာတွင် လူနေတိုက်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦးသေဆုံး
**************
(မှုခင်း) မတ် ၄ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ လှိုင်ရတနာအိမ်ရာတွင် လူနေတိုက်ခန်း မီးလောင်မှုဖြစ်ပွားသဖြင့် အမျိုးသား တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်က လှိုင်ရတနာအိမ်ရာအတွင်း လူနေတိုက်ခန်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ YRO ၏ မရမ်းကုန်းခရိုင်ရှိအဖွဲ့ဝင် အသင်း ၃ သင်းမှ လူနာတင်ယာဉ် ၅ စီး၊ စေတနာ့ဝန်ထမ်း ၈ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ထိုသို့ ထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၇ နာရီ ၄၉ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသား ၁ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ၎င်းတို့အား လှိုင်လူမှုကူညီရေးအသင်းမှ အရေးပေါ် လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

image