7 ပတ် - ဘာသာပြန်ပါ။

MPL ID စင်မြင့်ထက်မှာ ပြန်လည်မြင်တွေ့ရတော့မယ့် တစ်ချိန်က Young Lord
Evos Holy မှာ Jungler အဖြစ်ဆော့ကစားနေတဲ့ Alberttt ကိုတော့ MPL အသင်း Evos Glory ရဲ့ Jungler နေရာကို ပြောင်းရွေ့ပေးလိုက်ပါပြီ။ တစ်ခေတ်တစ်ခါက အကောင်းဆုံး Jungler တစ်ယောက်ကို ကာလ အတော်အတန်ကြာပြီးတဲ့ ​နောက်မှာတော့ MPL Indo ရဲ့စင်မြင့်ထက်မှာပြန်လည်မြင်တွေ့ရတော့မယ်ဆိုတာဟာ အိပ်မက်အလားပါပဲ။ RRQ ကနေ Onic ကို ရောက်ရှိလာပြီးနောက် တစ်ပွဲတစ်လေမှသာလျှင် မြင်တွေ့ခဲ့ရတဲ့ Alberttt ကို MPL ID S15 မှာတော့ Evos နဲ့အတူ ပြန်လည်မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။
တစ်ချိန်က Baby Alien လို့တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ Alberttt ရဲ့ Play Style တွေကိုလည်း ပြန်လည်ရှုစားရတော့မှာပဲဖြစ်ပါတယ်။ MPL စင်မြင့်ထက်မှာ ပြိုင်ဘက်ကင်းကစားသမားဖြစ်ခဲ့တဲ့ အချိန်တွေတုန်းကလို ရသမျိုး ပေးစွမ်းနိုင်ပါ့မလား‌လို့ စိုးရိမ်စရာတော့ရှိပေမယ့် Snapdragon ပွဲစဉ်မှာ အကောင်းဆုံးကြိုးစားပြခဲ့တာကြောင့် MPL Roster မှာ ပါဝင်လာတယ်ဆိုတာကတော့ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
ဝေးကွာနေခဲ့ပြိုင်ပွဲတွေကို ပြန်လည်ဆော့ကစားခဲ့ရပြီးနောက် တစ်ချိန်က Alberttt ကို ပရိတ်သတ်တွေထံ ပြန်လည်ချပြနိုင်အောင် Alberttt ကိုယ်တိုင်လည်း တော်တော်လေးကြိုးစားခဲ့မယ်ထင်ပါတယ်။ MPL စင်မြင့်ထက်မှာ ဆော့ကစားနေတဲ့ Alberttt ရဲ့ပုံရိပ်ကို ပြန်လည်မြင်တွေ့ခွင့်ရခဲ့ပြီဆိုတာဟာ Alberttt ရဲ့ ပရိတ်သတ်တွေအတွက်တော့ တော်တော်လေးကိုမှ ပျော်ရွှင်မှုပေးနိုင်ပါလိမ့်မယ်။
တစ်ချိန်က အကောင်းဆုံး Jungler နဲ့ ယခုလက်ရှိကြမ်းပါတဲ့ဆိုတဲ့ Jungler တွေရဲ့ ထိပ်တိုက်တွေ့ဆုံမှု ပွဲစဉ်တွေမှာ Alberttt တစ်ယောက် အရင်ကလို သူမတူတဲ့ လက်စွမ်းတွေကို ချပြနိုင်ပြီး Evos ကို MPL ID S15 မှာ ဘယ်အဆင့်ထိများရောက်အောင် ဆွဲခေါ်သွားနိုင်မှာပါလိမ့်။ Evos အတွက် Alberttt ကိုခေါ်ယူခဲ့မှုဟာ ဘယ်လောက်ထိ အကျိုးအမြတ်ရစေမလဲဆိုတာကိုတော့ MPL စင်မြင့်ထက်မှာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

image