18 w - Translate

ဘဝမှာကိုယ်ရည်ရွယ်ထားပြီးမှမဖြစ်လာတဲ့ရည်မှန်းချက်တွေရှိဖူးကြမှာပါပဲ။အသက်ကြီးကြီးငယ်ငယ် ကိုယ်ရည်ရွယ်ထားပြီးမှ ဖြစ်မလာတဲ့အရာတွေကြောင့်ကိုယ်ပဲစိတ်ဒဏ်ရာရတယ်။
ဒါပေမယ့်လည်းကျရှုံးမှုတိုင်းကအဆိုးဘက်ကိုဦးတည်သွားတာမဟုတ်သလို အောင်မြင်မှုတိုင်းကလည်းပြီးဆုံးသွားတယ်လို့မရည်ရွယ်ပါဘူး။
အဓိကကတော့ လူငယ်တွေအနေနဲ့ တစ်ခုခုကိုရည်ရွယ်ထားပြီးရင်ဘယ်လိုဖြစ်အောင်လုပ်ရမလဲဘယ်လိုဦးတည်ချက်ထားရမလဲဆွေးနွေးကြရအောင်ပါ။ရည်ရွယ်ချက်တစ်ခုကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့အတွက် ဘာတွေလိုအပ်မလဲ အဓိကကတော့ “ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ Mindset” ကိုသွင်းထားရပါမယ်။ ကိုယ်က ချောက်ကမ်းပါးတစ်ခုမှရပ်နေတယ်လို့စဉ်းစားကြည့်ပါ အရှုံးပေးပြီးခုန်ချမလား ရှေ့ဆက်သွားမလား ၂ မျိုးပဲရှိပါတယ်။ဒါဆို ဘယ်လိုရည်မှန်းချက် ထားရမလဲ။အနည်းဆုံး ဒီ(၅)ချက်ကိုနမူနာထားပြီးလုပ်ကြည့်ပါ။

၁။ ရှင်းလင်းတိကျတဲ့ ရည်ရွယ်ချက် သတ်မှတ်ပါ
ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်ဘာလုပ်ချင်လဲ မိမိကိုယ်ကို မေးပါ စံနှုန်းတစ်ခုသတ်မှတ်ပါ။ ကိုယ့်အိမ်မက် ကိုယ်ဖြစ်ချင်တာကို ကိုယ်ကိုတိုင်ပဲသိပါတယ်။ကျွန်တော်ဖြစ်ချင်တာလည်း ကျွန်တော်ပဲသိတာပါ။တစ်ခုတော့ရှိတာပေါ့ ကိုယ့်မိဘကဖြစ်ချင်တာတွေကိုတော့ ဆွေးနွေးကြည့်ရမှာပေါ့။
- ဥပမာ: "ဝနေတဲ့လူဆို ငါးလအတွင်း ကိုယ်အလေးချိန် ၅ ကီလိုလျှော့မယ်" ဆိုတာမျိုး။

၂။ အသေးစိတ် Action Plan ရေးဆွဲပါ
နေ့စဉ်/အပတ်စဉ် ဘယ်အချိန်မှာလုပ်ရမယ် ဘယ်လိုမျိုးအာရုံစိုက်ရမလဲဆိုတာကိုကိုယ်ကိုကိုယ်သိထားပါ။စာဖတ်ရမယ့်အချိန်မှာ ဂိမ်းဆော့နေတာမျိုးကလဲ ကိုယ့်ရဲ့ process ကို နှောင့်နှေးသွားစေတတ်တယ်။
- ဥပမာ: တစ်ပတ်ကို ၃ ရက် လေ့ကျင့်ခန်းလုပ်မယ်၊ အစားအသောက်ထိန်းမယ်ဆိုတာကို မှတ်ထားပြီးလုပ်ဆောင်သင့်တယ်။


၃။ စည်းကမ်းတကျ လုပ်ဆောင်ပါ
စိတ်အားထက်သန်မှု (Motivation) ထက် စည်းကမ်း (Discipline) က ပိုအရေးကြီးပါတယ်။youtube မှာ Motivation video များစွာရှိပါတယ် အဲ့အထဲမှာ Motivation အကြောင်းကိုသိပ်မပါတာကိုတွေ့ရမယ် ဘာလို့လဲဆိုတော့ Motivation က ကောက်ရိုးမီးပါ Discpline ကပိုအရေးကြီးတာပါ။
-နေ့တိုင်း အနည်းဆုံး ၁% တိုးတက်အောင် ကြိုးစားပါ။

၄။ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပါ
တစ်ခါတစ်လေ လုပ်တိုင်းလဲ မဖြစ်တာကတွေ့ရမှာပါ။ဥပမာ လေ့လာနေဆဲ သင်ခန်းစာက ဆက်မလေ့လာနိုင်တာတို့၊အင်တာနက်မကောင်းတာတို့၊Laptop ပျက်သွားတာတို့ ဒီလိုမျိုး စိတ်အနှောင့်အယှက်တွေကြုံလာရနိုင်ပါတယ်။ဒီလိုဖြစ်လာရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကြိုတင် စီစဉ်ထားရင်တော့ပိုကောင်းမှာပါ။ကြိုတင်ပြင်ဆင်ခြင်းက ဖြစ်လာမှကုသခြင်းထက်ပိုကောင်းပါတယ်။
ဥပမာအနေနဲ့ပြောရရင် Gym မသွားနိုင်ရင် အိမ်မှာ လေ့ကျင့်ခန်းလုပ်မယ် ဆိုတဲ့စိတ်ရှိဖို့ပါပဲ။


၅။ အားပေးမှုရယူပါ
အောင်မြင်မှုအတွက် ကိုယ့်ပတ်ဝန်းကျင်က အားပေးမှုကို ရယူဖို့လိုပါတယ်။ မိသားစု၊ သူငယ်ချင်းများ ဒါမှမဟုတ် ကိုယ့်ရှေ့ကsenior တွေဘယ်လိုလျှောက်လမ်းခဲ့လဲ သူတို့ရဲ့အကြံဉာဏ်ကို နားထောင်ဖို့လိုတယ်။

အရေးအကြီးဆုံးအချက်ကတော့ စိတ်ရှည်ဖို့ပါပဲ။ရည်မှန်းချက်လမ်းကြောင်းက အရှည်ကြီးပါ ဘဝဆိုတာလည်းလျှောက်လှမ်းရအုံးမယ့်ခရီးပါပဲ ကိုယ်ကိုယ်တိုင်ကစိတ်ရှည်ရှည်နဲ့
စိတ်အားထက်သန်မှုနဲ့ ဇွဲရှိရင် ဘယ်ရည်ရွယ်ချက်မဆို အောင်မြင်နိုင်ပါတယ်။ ✨

image