7 ပတ် - ဘာသာပြန်ပါ။

မထူးတော့ပါဘူးလေဆိုပြီး
ကိုယ့်ဘဝကို အမျောမခံနဲ့
သံမဏိကြိုးတစ်ချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေ/နတ်သမားရဲ့ ကျည်ဆန်လို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ
အနိဋ္ဌာရုံတွေချည်းပဲ မဟုတ်ဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့
ပျော်စရာသီချင်းသံလေးတွေလည်း ရှိတယ်ကွယ်။
▪ မိုဃ်းဇော်
▪ [မိုးတိတ်တေး]
#မိုဃ်းဇော်

image