7 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မတ်လအတွက် သင့်တင့်မျှတသော ဆန်ရည်ညွန်းဈေးနှုန်းများ ထုတ်ပြန်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနကထုတ်ပြန်သည့် ၂ဝ၂၅ ခုနှစ် မတ်လအတွက် သင့်တင့်မျှတသော ဆန်ရည်ညွှန်းဈေးနှုန်း (Reasonable Market Price)များကိုထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရည်ညွှန်းဆန်ဈေးနှုန်းသတ်မှတ်ချက်အရ ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁၊ စောရုပ်၊၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်ဆန်တစ်အိတ် ကျပ် ၆၈ဝဝဝ၊ ၂၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ကီလိုဂရမ် ၅ဝ တစ်အိတ် ကျပ် ၇၅ဝဝဝ၊ ၁၅ မှတ်ဆန်တစ်အိတ်ကျပ် ၇၃ဝဝဝ၊ ၁၅ မှတ်ဆန်ပြည်ပတင်ပို့မည့် ကီလိုဂရမ် ၅ဝ တစ်အိတ် ကျပ် ၇၈ဝဝဝ၊၁ဝ-၅ မှတ်ဆန်တစ်အိတ် ကျပ် ၇၅ဝဝဝ၊ ၁ဝ-၅ မှတ်ဆန် ပြည်ပတင်ပို့မည့်ကီလိုဂရမ် ၅ဝ တစ်အိတ် ကျပ် ၈ဝဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။
ပြည်တွင်းစားဆန်အမျိုးအစားများကိုလည်း တစ်အိတ် ကျပ် ၉၄ဝဝဝ နှင့် ၉၉ဝဝဝ သတ်မှတ်ထားပြီး ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်အသွေးအသင့်တင့်ရှိသော ဆန်အမျိုးအစားနှင့် စားသုံးမှုအထူးကောင်းမွန်သည့် ဆန်အမျိုးအစားများကို ယခင်အတိုင်း သတ်မှတ်ထားကြောင်း သိရသည်။
ဈေးအရောင်းစင်တာ(Super Market, Mini Market) များတွင် Consumer Packaging ဖြင့်ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကို နိုဝင်ဘာလအတိုင်းသတ်မှတ်ပေးထားပြီး ဈေးကွက်အတွင်း ရောင်းချရာတွင် ဖော်ပြပါသင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် ၈ ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် ၄ ရာခိုင်နှုန်းထက် မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။
လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများ၊ စည်းကမ်းချက်များနှင့်အညီရောင်းချရန်နှင့် ဈေးနှုန်းပိုမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန်ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိခြင်းတို့အပေါ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ -၅ အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေသတ်မှတ်ပေးဆောင်စေခြင်း စသည့်ထိရောက်စွာအရေးယူမှုများ ပြုလုပ်နေသောကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များမှအလေးအနက်ထား၍ လိုက်နာ ဆောင်ရွက်ရန် အသိပေးတိုက်တွန်းထားကြောင်း သိရသည်။

image