7 ပတ် - ဘာသာပြန်ပါ။

xynos 1580 chipset သုံး ဒေါ်လာ ၅၀၀ တန် Galaxy A56 ထွက်ရှိ
၆ နှစ် Update ပေးတဲ့ Upper Mid-range တန်း Samsung ဖုန်း ထွက်လာပါတယ်။
Galaxy A56 သစ်က ဒီဇိုင်း ၊ specs အကုန် flagship ဆန်တဲ့ အလတ်တန်းစားဖုန်း လို့ ပြောနိုင်ပါတယ်။ ဖုန်းအထူ ၇.၄ မီလီမီတာနဲ့ လာလို့ အရင်မော်ဒယ်ထက် ပိုပါးပါတယ်။ bezel လေးဖက်လုံး ပိုပြီး ပါးလာသလို ကင်မရာ island ကလည်း redesigned ဖြစ်လာပြီး ပိုလှလာပါတယ်။
ဒီဖုန်းက Samsung ရဲ့ Exynos 1580 chipset နဲ့ လာတဲ့ ပထမဆုံးဖုန်းပါ။ Exynos 1580 SoC က 2.9GHz CPU အမျိုးအစားဖြစ်လို့ အရင် Galaxy A55 ထက် CPU performance ၁၈% ပို မြန်ပါတယ်။ ဒီ chipset နဲ့အတူ AMD RDNA 3 architecture ပေါ် အခြေခံထားတဲ့ Xclipse 540 GPU နဲ့ တွဲပေးထားတာပါ။
screen size ၆.၇ လက်မရှိတဲ့ ဒီဖုန်းက FHD+ ရုပ်ထွက်နဲ့ Gorilla Glass Victus+ မှန်ကာထားပြီး 1200nit HBM တောက်ပမှု ပါပါတယ်။ ကင်မရာပိုင်းမှာ Galaxy A56 က အရင်မော်ဒယ်နဲ့ ထူးမခြားဆိုပေမယ့် AI ဓါတ်ပုံနည်းပညာတွေနဲ့ အဆင့်မြှင့်လာတာ ဖြစ်လို့ ရုပ်သေ still image နဲ့ ဗွီဒီယိုတွေကို low-light ရိုက်ချက်ကောင်းကောင်းနဲ့ ရိုက်နိုင်တော့မှာပါ။
ကင်မရာတွေကိုတော့ ရှေ့ဘက် 12MP Selfie နဲ့အတူ ကျောဘက် 50MP f/1.8 aperture ၊ 12MP f/2.2 Ultrawide lens နဲ့ 5MP f/2.4 macro camera တွေ သုံးထားပါတယ်။ Galaxy A55 ကင်မရာအတိုင်း ဖြစ်ပေမယ့် main ကင်မရာနဲ့ ultrawide ကင်မရာအကြား zoom ရိုက်ချက်တွေက အရင်ထက် speed နှစ်ဆ မြန်လာမယ်လို့ ဆိုပါတယ်။
Galaxy A56 ကို 5000mAh ဘက်ထရီနဲ့ မောင်းထားပြီး ၆၈ မိနစ်အတွင်း အားအပြည့်အသွင်းနိုင်တဲ့ 45W wired charging ပေးထားပါတယ်။ Galaxy A56 ကို Android 15 သုံးထားတဲ့ One UI 7.0 နဲ့ ဖြန့်ချိထားပြီး Samsung က ဒီဖုန်းမှာ OS နဲ့ Security Update ၆ နှစ်စီ ပေးထားတာပါ။
Samsung Galaxy A56 ကို Graphite Gray , Light Gray , Olive , Pink လေးရောင်နဲ့ လာပြီး 8/128GB ဗားရှင်းကို ၄၉၉ ဒေါ်လာကနေ စပြီး ရောင်းချသွားမှာပါ။

image