7 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ဒေါပုံတွင် မီးရှို့တိုက်ခိုက်ခံရသူများထဲမှ ဆယ်အိမ်မှူးအမျိုးသမီး ထပ်မံသေဆုံး
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၌ ဓာတ်ဆီဖြင့်ပက်၍မီးရှို့တိုက်ခိုက်ခံရသူသုံးဦးထဲမှ ဆယ်အိမ်မှူးအမျိုးသမီးတစ်ဦး ဆေးကုသမှုခံယူနေစဉ် ယမန်နေ့(မတ် ၂ ရက်) ညနေပိုင်းတွင်သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။
“မနေ့ကညနေပိုင်းပဲဆုံးသွားတာ။ သူကဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်။ နောက်ကောင်မလေးတစ်ယောက်ကတော့ ခြေထောက်ပဲထိတာ၊ ဆေးရုံတောင်ဆင်းသွားပြီ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်တွင် ရာအိမ်မှူးတစ်ဦး၊ ဆယ်အိမ်မှူးအမျိုးသမီးတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ သန်းခေါင်စာရင်း မိတ္တူများလိုက်လံကောက်ခံစဉ် ၎င်းတို့သွားရောက်ကောက်ယူသည့်နေအိမ်မှ အိမ်ရှင်အမျိုးသားတစ်ဦးက ဓာတ်ဆီဖြင့်ပက်ကာမီးရှိုးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးရှို့တိုက်ခိုက်ခံရမှုကြောင့် ရာအိမ်မှူးကိုနှုတ်ခမ်းမွှေးဆိုသူသည် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီ ၂၆ ရက်တွင် အနာပိုးဝင်ကာသေဆုံးခဲ့သည်။
ယခုဆယ်အိမ်မှူးအမျိုးသမီးသည်လည်း မီးလောင်ဒဏ်ရာများဖြင့် ၁၈ ရက်ကြာဆေးကုသမှုခံယူခဲ့ရပြီး အနာပိုးဝင်ကာသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကြည်စုရပ်ကွက်တွင်နေထိုင်သူများထံမှသိရသည်။
သတင်း-နေသစ်ဦး

image