18 ပတ် - ဘာသာပြန်ပါ။

" ကျူပ်ရေးတဲ့ ဇာတ်လမ်း Vibe မျိုးရချင်ရင်
ဒီ Horror Series ကို ကြည့်ကြည့်ပါ "
Marianne ဆိုတဲ့ ပြင်သစ်ရုပ်ရှင် Horror Series ကို
Stephen King က အခုလိုညွှန်းထားခဲ့တာပါ
" Stranger Things ရဲ့ အငွေ့အသက်နဲ့ဆင်သလို
ကျူပ်ရေးတဲ့ ဇာတ်လမ်းနဲ့ အရမ်းနီးစပ်တဲ့
ဇာတ်လမ်းပုံစံမျိုးကို တောင့်တနေတယ်ဆိုရင်
Marianne က သင်စမ်းပြီး ကြည့်သင့်တဲ့ Netflix
Horror Series လို့ ကျူပ်အကြံပြုပါတယ် "ဆိုပြီး
သူ့ရဲ့ Twitter ကနေ Stephen King က
ညွှန်းထားခဲ့ပါတယ် ၊ ဒါကတကယ်ပါ။
သို့ပေမဲ့ Marianne ဟာ ပတ္တမြားမှန်ပြီး
နွံနစ်ခဲ့ရတယ်လို့ဆိုရမလားပဲ Marianne ဟာ
2019 ခုနှစ်မှာ Season တစ်ခုပဲ ထွက်နိုင်ခဲ့ပြီး
ကြန့်ကြာနေခဲ့ပါတယ်
Plot အရလည်း ထောင့်စေ့ခဲ့တဲ့ ဒီ Horror Series
ဟာ ပြီးပြည့်စုံတဲ့ Show တစ်ခုပါ
" Emma ဆိုတဲ့ ကောင်မလေးအပေါ်
The King of Cats လို့ခေါ်တဲ့ Demon Cat တွေရဲ့
ဘုရင် Beleth က လွှမ်းမိုးစေစားတဲ့ ဇာတ်အိမ်ဟာ
Horror Fan တွေရဲ့ အာရုံစိုက်ခံရမှုကိုသာမက
Stephen King ရဲ့ စိတ်ဝင်စားမှုကို
ခံခဲ့ရတာပါ "
ဇာတ်လမ်းထဲမှာပါတဲ့ Beleth ဆိုတဲ့ Demon ဟာ
Solomon ရဲ့ ကျမ်းဂန်မှာဖော်ပြထားတဲ့
Fallen Angel ဖြစ်ပါတယ် ၊ ၈၂ ဦးသော ငရဲဘုံ
မိစ္ဆာတွေကို အပိုင်စားတဲ့ ၁၃ဆင့်မြောက်
အင်းအားအကြီးဆုံး မိစ္ဆာလည်းဖြစ်ပါတယ်
သို့ပေငြားလည်း
Marianne ဟာ အကောင်းမြင်ဝေဖန်မှုအများကြီး
ရခဲ့ပေမဲ့ Netflix က ရပ်တန့်ထားခဲ့တဲ့
Series တစ်ခုဖြစ်နေခဲ့ပါတယ်
အကြောင်းက ပြင်သစ်မှာ လူကြည့်နည်းခဲ့ပြီး
Season 2 အတွက် ပရိသတ်ထောက်ခံမှု
ရဖို့ မရေရာလို့ပါတဲ့
ကိုယ်ပိုင်ဘာသာစကားသုံး Series တစ်ခုအတွက်
ဒါကြီးက အရမ်းနှမြောဖို့ကောင်းပါတယ်
ဒါရိုက်တာကိုယ်တိုင်ကလည်း Season သုံးခုစာ
အတွက် ကြိုပြင်ထားတယ်လို့ဆိုခဲ့လို့
ပိုတောင်နှမြောမိပါသေးတယ်

image