Marvel Fan တစ်ယောက်ဖြစ်ရတာလွယ်တယ်များ
မှတ်လား ?
....
၁။ ထွက်ပြီးသမျှသော Marvel Phase 1 - 5 နဲ့
Phase 6 အကြို Timeline ထဲက ရုပ်ရှင်တိုင်းကို
ကြည့်ထားရတယ်
တစ်ကားလောက်လွတ်တာနဲ့ ဟိုကောင်ဘာလဲ
ဒီကောင်ဘယ်သူလဲဖြစ်ကုန်မှာ ၊ ဒီလိုမဖြစ်ဖို့
Marvel ရုပ်ရှင် ၊ Series ၊ Animated Films နဲ့
ထွက်ထားသမျှသော Comics Base ရုပ်ရှင်
တိုင်းနဲ့ Spin Off Program တိုင်းကို မပြတ်တမ်း
ကြည့်ထားရတယ် ၊ တစ်ကားလောက်လွတ်မိတာနဲ့
ချိတ်ဆက်မမိတော့တာမျိုး မဖြစ်အောင်ပေါ့
၂။ MCU ရုပ်ရှင်တွေဟာ Secret Hint ပေါင်း
များစွာကို ထည့်ပြီးရိုက်ထားတာဖြစ်လို့
ရုပ်ရှင်တစ်ကားစီရဲ့ Scene တစ်ခုစီ ၊ Dialogue
တစ်ကြောင်းစီကအစ သေချာကြည့်ထားမှ
နားလည်နိုင်တယ် အဲ့အတွက် သေးခဏပေါက်ပြီးမှ
ပြန်လာကြည့်မယ်တို့ဘာတို့ လုပ်လို့ရတဲ့
အမျိုးအစားမဟုတ်ဘူး ၊ ၁မီနစ်စာ Scene တစ်ခု
ကတောင် Universe တစ်ခုလုံးရဲ့ Key Scene
ဖြစ်နေနိုင်လို့ ဘာမှကို အလွတ်ခံလို့ကိုမရဘူး
၃။ Cameo တွေကို သေချာမကြည့်မိရင်လည်း
နောက်ထွက်လာမယ့် Timeline ရဲ့ အချိတ်အဆက်
ကို မမိတော့မှာမျိုး ဖြစ်နိုင်သေးတယ်
ဒီလိုမဖြစ်စေအောင် Intro တစ်ခု Motif တစ်ခုစီ
တိုင်းကို မျက်တောင်မခတ်တမ်းသေချာကြည့်ထားမှ
အဆင်ပြေပြန်ရော
၄။ MCU Comics Knowledge လည်းရှိထားမှ
ထွက်သမျှသော Hero တိုင်းကို နားလည်နိုင်တယ်
ဒီလိုမှမဟုတ်ရင် ဟ ဒီကောင်ဘာလဲဖြစ်သွားမယ်
၅။ Credit Scenes တွေကို မလွတ်အောင်
ရုပ်ရှင်ကို အပြီးထိစောင့်ကြည့်ရသေးတယ်
စာတန်းတွေတသီကြီးထိုးပြီးတော့မှလာတဲ့
Credit Scene တစ်ခုလေးကတောင်
ထပ်ထွက်လာမယ့် Prequel, Sequel တွေကို
Hint ထားတာဖြစ်နိုင်လို့ ဘာမှကိုအလွတ်ခံလို့
မရတဲ့အထိပဲ
၆။ MCU News တွေကိုလည်း မပြတ်တမ်း
ဖတ်ရသေးတာက တစ်ဒုက္ခပဲ
Cast အပြောင်းအလဲ ရှိတာမျိုးဖြစ်နိုင်လို့
ဒီကားကတစ်ယောက် ဟိုကားကတစ်ယောက်
ဖြစ်ရင် ဆက်နားလည်ဖို့က လုပ်ထားရသေးတယ်
မဟုတ်ရင် ပြောင်ကြီးလှည့်စားမှုတွေအောက်
ပြားပြားမှောက်သွားမယ်
၇။ ရုံမှာ သွားကြည့်မယ်ဆို တစ်ယောက်တည်း
သွားမိတဲ့အခါ မကြည့်ခင်တည်းက အပေါ့အလေးက
ကြိုသွားထားရသေးတယ် မဟုတ်ရင် ပြန်လာမှ
ဘယ်ကမ္ဘာကကောင်က ဘယ်လိုရောက်ပြီး
ချနေကြလဲဆိုတာ ဘေးကလူကို လိုက်မေးရသေး
တာရော အဲ့လိုအဲ့လို
ဒါလေးတွေကို မလွတ်တမ်းလုပ်နိုင်မှ MCU Fan
တစ်ယောက်ဖြစ်နိုင်တာ
လွယ်တယ်မမှတ်နဲ့ တခြား Universe က
ငါးကောင်တို့ 😌။
