ဖြစ်ချင်စိတ်သာရှိလိုက် တူငယ်လေးတစ်လက်ကြောင့်လည်း အနာဂတ်သစ်ဆီရောက်နိုင်တယ်
" ခင်ဗျားဘယ်သူလဲဆိုတာ ဘယ်သူမှစိတ်မဝင်စားဘူး
ခင်ဗျားဘယ်ရောက်နေလဲဆိုတာကိုလည်း
ဘယ်သူမှ သိချင်နေမှာမဟုတ်ဘူး
ဒီ့အတွက် ဘာမှခံစားမနေနဲ့ လုပ်စရာရှိတာသာ
ဆက်လုပ် "
Shawshank redemption ထဲက
အန်ဒီ့ဇာတ်ကောင်ဟာ ဒီစကားတွေကိုထုတ်မပြောခဲ့
ပေမဲ့ သူ့ရဲ့စိတ်ဓာတ်ကို သူ့ကိုယ်နှုတ်အမူအရာတွေမှာ
မြင်ခဲ့ရတယ်
အန်ဒီတစ်ယောက် သူဘယ်ရောက်နေလဲဆိုတာ
သူသိခဲ့တယ် ၊ သူဘယ်လိုအနေအထားနဲ့
ဘယ်ကိုသွားချင်လဲဆိုတာ သူကောင်းကောင်းသိသလို
သူတွေးလည်းတွေးထားခဲ့တယ်
သူ့အစီအစဉ်တွေကိုလည်း သူ့စိတ်ထဲမှာပဲထားပြီး
ဆက်လုပ်သွားခဲ့တယ် ၊ လူတိုင်းကို ငါတော့ဒါလုပ်မယ်
ဆိုပြီး လိုက်မပြောနေခဲ့သလို အကျဉ်းအကြပ်ထဲရောက်
လို့ သူဇွဲလျော့ခဲ့တာမျိုးလည်း လုံးလုံးမရှိခဲ့ဘူး
အန်ဒီ့စိတ်ထားနဲ့ သူ့အစီအစဉ်တွေကို
Personal View အရ ကျွန်တော်ဒီလိုသွားမြင်တယ်
- သူ့မှာ လူတွေနဲ့ Communication
ကောင်းကောင်းလုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်
အဲ့ဒါတွေကိုသူကောင်းကောင်းသုံးသွားတယ်
- သူယုံရတဲ့ လူတွေကို သူ့မိတ်ဆွေဖြစ်လာစေတယ်
ဒီကနေပဲ သူလမ်းစပေါ်ခဲ့တယ်
- သူ့ကိုဖိနှိပ်ခဲ့သမျှ အပြစ်မတင်ပဲ
ဒုက္ခပေးတဲ့သူတွေကိုပါ သူစိတ်ကောင်းထားပြီး
ကူညီခဲ့တယ် သို့သော် တစ်ဖက်က ကျွံလာတဲ့အခါ
သူ့အတွက် အကာအကွယ်ဖြစ်အောင် ကြိုစီစဉ်ထား
ခဲ့တယ် ၊ ဒီလိုနဲ့ သူ့အဟန့်အတားတချို့ကို
သူရှင်းနိုင်ခဲ့တယ်
- လူတွေယုံကြည်အောင်နေတယ် လူတွေယုံလာပြီး
သူ့ကိုအားကိုးလာစေတယ် ၊ ဒီ့အတွက် သူဘယ်သူ့ကိုမှ
ဒုက္ခမပေးပဲ သူသွားချင်တဲ့ပန်းတိုင်ကိုပဲ
ရအောင်သွားဖို့စီစဉ်တယ်
- မိတ်ဆွေတွေကို မေ့မသွားဘူး
အနာဂတ်အစီအစဉ်တွေထဲထည့်ဆွဲပြီး လက်တွဲခေါ်တယ်
သူ့တို့အတွက်လည်း ထည့်တွေးပေးခဲ့တယ်
အဲ့အတွက် လူတိုင်းကသူ့ကိုအမှတ်တရရှိကြတယ်
- အချိန်တွေကို ကောင်းကောင်းအသုံးချခဲ့တယ်
ဒီလိုနဲ့ ကျောက်ခွဲတူအသေးလေးတစ်လက်ကနေ
သူလွတ်လပ်မှုကို ပြန်ရှာနိုင်ခဲ့တယ်
- ကိုယ့်အစီအစဉ်တိုင်းကို လူတိုင်းကိုလိုက်ပြောပြ
မနေခဲ့ဘူး ၊ အဲ့အတွက် သူလုံခြုံခဲ့တယ်
အဓိကကတော့ အန်ဒီတစ်ယောက် သူ့ဘဝကို
သူမမေ့ပစ်လိုက်ဘူး ၊ သူဖြစ်ချင်တာကိုသူမမေ့ပစ်
လိုက်ပဲ ဖြစ်နေတဲ့နေရာကနေ စပြီး ဖြည်းဖြည်းချင်း
လုပ်နေခဲ့တယ်
မဖြစ်နိုင်ပါဘူးလို့ သူများတွေးထားတဲ့ အရာကို
အန်ဒီတစ်ယောက် သူ့လမ်းစအဖြစ်မြင်ခဲ့တယ်
အဲ့အတွက်ဘယ်သူမှမထင်ထားတဲ့နည်းနဲ့
သူလွတ်မြောက်သွားခဲ့တယ်
ဒီ့အတွက် အန်ဒီဟာ Stephen King ရေးတဲ့
စာအုပ်ထဲက Shawshank Redemption ရဲ့
ဇာတ်ကောင်ဖြစ်ပေမဲ့
အန်ဒီ့စိတ်သဘောထားနဲ့ သူ့ညဏ်ရည်ညဏ်သွေးကို
ကျွန်တော် အရမ်းသဘောကျခဲ့ရပါတယ်
အန်ဒီတကယ်ပေးသွားတဲ့ သင်ခန်းစာက
- ဖြစ်ချင်တာကို မမေ့နဲ့
- မိတ်ဆွေတွေပိုရှာ
- အချိန်ကိုအကျိုးရှိရှိသုံး
- ကိုယ်လုပ်မယ့်ဟာတွေကို လိုက်အာမချောင်နဲ့
- လွတ်မြောက်မယ့်လမ်းမှာ မတွေဝေနဲ့
စသဖြင့်ပါပဲ

image