#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦး ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် Sang-khla Buri ခရိုင်တွင် ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။
အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများမှာ နယ်စပ်ကို ခြေကျင်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင် ရောက်လာခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။
၎င်းတို့အား ဖမ်းဆီးရမိချိန်တွင် သက်သေခံစာရွက်စာတမ်း မတွေ့ရှိခဲ့ရဘဲ စစ်ဆေးရေးဂိတ်များအား ရှောင်ရှားရန်အတွက် ပွဲစားခအနေဖြင့် တစ်ဦးလျှင် ဘတ် ၁၅ဝဝဝ ပေးဆောင်ခဲ့ကြရကြောင်း စစ်ဆေးချက်အရ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦးတွင် အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင်ပြီး ထိုင်းနိုင်ငံ ဘန်ဘိုရီပွန်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ပြီး စမွတ်စခွန်ဘက်သို့ ပြောင်းရွှေ့လာချိန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
