Fujifilm နဲ့ အတူဖန်တီးထားတဲ့ ကင်မရာစနစ်တွေ ပါမယ့် vivo X200 Ultra
vivo ရဲ့ ကင်မရာအစွမ်းကို လျှော့တွက်လို့ မရဘူး။
နောက်ပိုင်း vivo က သုံးလာတဲ့ ကင်မရာနည်းပညာတွေက မှင်သက်လောက်အောင် ကောင်းတယ်ဆိုတဲ့အထိ ဖြစ်လာလို့ပါ။ ဒီလို ဖြစ်အောင်လည်း vivo က ကမ္ဘာ့အရှေ့အနောက်မှာ ရှိတဲ့ ထိပ်ထိပ်ကြဲ ကင်မရာကုမ္ပဏီတွေနဲ့ co-develop လုပ်လာပါတယ်။
အခုဆို နာမည်ကျော် ဂျပန်ကင်မရာကုမ္ပဏီ Fujiflim နဲ့ပါ ပေါင်းပြီး ကင်မရာ feature သစ် ဖန်တီးနေတယ်လို့ ဆိုပါတယ်။ Fuljiflim နဲ့ တွဲပြီး ထုတ်ထားတဲ့ ကင်မရာအစွမ်းကို ၂၀၂၅ မော်ဒယ် vivo X200 Ultra မှာ မြင်ရဖို့ ရှိပါတယ်။
vivo X200 Pro ရဲ့ ကင်မရာကို ပရော်ဖက်ရှင်ကင်မရာရုပ်ထွက် ရအောင် vivo က ဖန်တီးတော့မှာပါ။ အခု ကြားရတဲ့အတိုင်းတော့ Fujiflim နဲ့ ပေါင်းပြီး ဓါတ်ပုံအရည်အသွေးနဲ့ ကာလာအထွက်ကို အဆင့်မြှင့်ပြီး professional ဆန်တဲ့ ရိုက်ချက်ထွက်အောင် လုပ်နေတယ်လို့ ဆိုပါတယ်။
